သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။

သရုပ်ဆောင် ကောင်းပြည့်ကတော့ အနုပညာရှင်တွေအနေနဲ့ အလုပ်လုပ်နိုင်တဲ့ အချိန်တွေမှာ ကိုယ်ပိုင်စီးပွားရေးကိုလည်း အကောင်အထည်ဖော်ထားသင့်တယ်လို့ဆိုပါတယ်။ 

Photo: Kaung Pyae



ကောင်းပြည့်ကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ရည်ရွယ်ထားပြီလို့ဆိုပါတယ်။ အနုပညာသမား တစ်ယောက်အတွက် ကိုယ်လုပ်ချင်တဲ့ စီးပွားရေး တစ်ခုခုကို အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အနုပညာသမားတွေအနေနဲ့ နောက်ထပ်စီးပွားရေးတစ်ခု လုပ်ထားတာကတော့ အကောင်းဆုံးပဲ။ ကိုယ်လုပ်နိုင်တဲ့ အချိန်မှာ ဘယ်အလုပ်ကိုမဆို သမာအာဇီဝ ကျကျလုပ်ရင် အကျိုးရှိပါတယ်။ ကျွန်တော်တို့ အနုပညာသမားတွေအတွက်ကျတော့ ပိုအရေးကြီးတယ် ဘာကြောင့်လဲဆိုတော့ အသက်အရွယ်ပိုင်းအရ အလုပ်လုပ်ရတာလည်း ပါသလို နောက်ပိုင်းကျရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို သေချာသိတာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ်ပိုင်စီးပွားရေးတစ်ခုခုကို အကောင်အထည်ဖော်ထားတာ အကောင်းဆုံးပါပဲ။ ကျွန်တော်လည်း စီးပွားရေးလုပ်ဖို့ ရည်ရွယ်ထားတာ တွေလည်းရှိပါတယ်” ဆိုပြီးတော့ ဇွန်လ (၈) ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀) ပည့်အတွက် ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Kaung Pyae

ကောင်းပြည့်ဟာ COVID-19 ကာလမှာ ဇာတ်ကားရိုက်ကူးရေးတွေ ခဏ ရပ်နားထားရတယ်လို့ဆိုပါတယ်။ ရိုက်လက်စ ဇာတ်လမ်းတွဲတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။  

“ အနုပညာအလုပ်တွေကို ပြန်စလုပ်ဖို့တော့ တိုင်ပင်နေကြပြီ။ အခြေအနေကို ကြည့်ပြီး အားလုံးကလည်း လုပ်ငန်းတွေပြန်လည်ပတ်လာကြပြီဆိုတော့ ကျွန်တော်တို့ အနုပညာသမားတွေလည်း ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြဖို့အတွက် တိုင်ပင်နေကြပါတယ်။ ကျွန်တော်ကလည်း ရိုက်လက်စဇာတ်လမ်းတွဲတွေ ပြန်ရိုက်ရမယ်။ ဘယ်ရက်၊ ဘယ်နေ့ စရိုက်မယ်ဆိုတာတော့ မသိရသေးဘူး” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Kaung Pyae

ကောင်းပြည့်ကိုတော့ ပရိသတ်တွေက TV ကြော်ငြာတွေကနေတဆင့် စတင်သိရှိလာခဲ့ကြတာပါ။ အဲဒီနောက် ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ကောင်းပြည့်ပါဝင်သရုပ်ဆောင်ထားတဲ့ "ပျံကျကူလီ" ရုပ်ရှင်ဇာတ်ကားနဲ့ " နှင်းဆီရဲတိုက်" ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က