ပီပီနဲ့ ရာမို့စ်တို့ ဂိုးပေါက်တွေ့ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ပေါ်တိုနဲ့ ရှက်တာဒိုးနက်တို့ရဲ့ပွဲမှာ ပေါ်တိုက ဝါရင့် နောက်ခံလူကြီး ပီပီရဲ့ သွင်းဂိုးအပါအဝင် ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပေါ်တိုဟာ ဒီနိုင်ပွဲကြောင့် နောက်တစ်ဆင့်ကို ဘာစီလိုနာနဲ့အတူ လွတ်လွတ်ကျွတ်ကျွတ် တက်ရောက်နိုင်ခဲ့ပါတယ်။



ပေါ်တိုအတွက် ဒီပွဲမှာ လေးဂိုးမြောက်ဂိုးကို ပီပီက သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီတစ်ပတ် ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အကြီးဆုံး ကစားသမားတွေထဲက တစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပီပီကလည်း ဒီချန်ပီယံလိဂ်အုပ်စုအဆင့်မှာတင် စံချိန်တစ်ခု တင်ထားပြီးသားပါ။
အဲ့ဒါကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ အသက်အကြီးဆုံး နောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ အခု ပေါ်တိုအတွက် သရေတစ်မှတ်အနည်းဆုံး အရေးပါတဲ့ အုပ်စု နောက်ဆုံးပွဲမှာ ပွဲကို ဖြတ်ပစ်ဖို့ အရေးပါတဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့တာပါ။
ဒါ့အပြင် ပထမညက ကစားသွားခဲ့တဲ့ ပွဲမှာလည်း ရာမို့စ်က ဆီဗီလာအတွက် ပင်နယ်တီကတစ်ဆင့် ပန်နီကာကန်ချက်နဲ့ ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်ရဲ့ ဒီကစားသမားဟောင်းကြီးနှစ်ယောက်က ဒီတစ်ပတ် ချန်ပီယံလိဂ်အုပ်စုအဆင့်တွေမှာ ဂိုးသွင်းယူနိုင်တဲ့ အသက်အကြီးဆုံး ကစားသမားတွေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ရာမို့စ်ရဲ့ ဆီဗီလာကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အောက်ဆုံးနေရာကသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ပီပီရဲ့ ပေါ်တိုကတော့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီး ပီပီတစ်ယောက် ဘယ်လောက်အထိ စွမ်းဆောင်ပြဦးမလဲ စောင့်ကြည့်ရမှာပါ။

Share

က္က