လာမယ့်ရာသီမှာ ပြောင်းရွှေ့ဖို့ဆွေးနွေးနေတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာကတည်းက ရာကီတစ်ရဲ့ အနာဂတ်က လှုပ်ခတ်နေခဲ့တာဖြစ်ပြီး အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ မန်ချက်စတာယူနိုက်တက်အသင်းတို့နဲ့ သတင်းတွေထွက်နေခဲ့ပါတယ်။ 


ဘာစီလိုနာအသင်းကွင်းလယ်လူရာကီတစ်ဟာ လာမယ့်နွေရာသီမှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ စပိန်သတင်းစာ Marca က ဖော်ပြသွားခဲ့ပါတယ်။ ရာကီတစ်က နွေရာသီအဓိကပစ်မှတ်တစ်ခုအဖြစ် အက်သလက်တီကိုမက်ဒရစ်က သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ 

ရာကီတစ်ဟာ ဘာစီလိုနာမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာကတည်းက ရာကီတစ်ရဲ့ အနာဂတ်က လှုပ်ခတ်နေခဲ့တာဖြစ်ပြီး အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ မန်ချက်စတာယူနိုက်တက်အသင်းတို့နဲ့ သတင်းတွေထွက်နေခဲ့ပါတယ်။ 

ကစားသမားကတော့ လာလီဂါမှာသာ ဆက်လက်ကစားချင်နေပြီး ဘာစီလိုနာနဲ့လည်း စာချုပ်သစ်ချုပ်ဆိုနိုင်ဖွယ်မရှိတော့တာကြောင့် အက်သလက်တီကိုမက်ဒရစ်နဲ့ ဆွေးနွေးမှုတွေကို စတင်လာခဲ့တာလည်းဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ အက်သလက်တီကိုမက်ဒရစ်ရဲ့ ကမ်းလှမ်းမှုအချက်အလက်တွေအပေါ်မှာ မူတည်နေတယ်လို့လည်း သိရပါတယ်။ 

ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ကလည်း ပြောင်းရွှေ့ကြေးညှိနှိုင်းရမှာဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ရာကီတစ်ကတော့ စပိန်ကလပ် ဆီဗီလာမှာ ကစားခဲ့ပြီးနောက် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ကာ အဓိကကွငး်လယ်လူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နွေရာသီမှာ ဒီဂျောင်ရောက်ရှိလာခဲ့ပြီးနောက် ပုံမှန်ကစားခွင့်ပျောက်ဆုံးနေခဲ့ပြီး အရန်ကစားသမားအဖြစ်နဲ့သာ ကစားနေရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က