ကစားသမားနဲ့ PSG ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတာပါ။

ရီးရဲလ်အတွက်တော့ တိုက်စစ်ပိုင်းကို သွေးသစ်လောင်းဖို့ မဖြစ်မနေလိုအပ်နေတာဖြစ်ပြီး အဓိကတိုက်စစ်မှူးဘန်ဇီမာက အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်ကာ ပုံမှန်ခြေစွမ်းရဖို့ အနည်းငယ်ရုန်းကန်နေရတာဖြစ်ပါတယ်။ 


ပီအက်စ်ဂျီအသင်းနဲ့ တိုက်စစ်မှူးဘာပေတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ပြဿနာရှိလာခဲ့လို့ စာချုပ်သစ်ဆွေးနွေးနေမှုက လက်စမသတ်နိုင်သေးဘဲ ရှိနေပါတယ်။ အသက် ၂၁နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၂ ဇွန်လမှာ စာချုပ်သက်တမ်းကနု်ဆုံးမှာဖြစ်ပြီး ကလပ်အသင်းဘက်က အမြန်ဆုံးစာချုပ်သစ်ချုပ်ချင်နေတာဖြစ်ပါတယ်။ 

စပိန်သတင်းစာ Marca ကတော့ အဆိုပါအခြေအနေကို ရီးရဲလ်မက်ဒရစ်က အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ အခိုင်အမာဖော်ပြသွားခဲ့ပါတယ်။ လာမယ့်နှစ် ဇွန်လအထိသာ ဘာပေက စာချုပ်သစ်မချုပ်ဆိုနိုင်သေးဘူးဆိုရင် ပြင်သစ်ကလပ်ကနေ သေချာပေါက်ထွက်ခွာဖို့ရှိတယ်လို့လည်း စပိန်သတင်းစာက ရေးသားခဲ့ပါတယ်။ 

ဘာပေက ရီးရဲလ်မက်ဒရစ်အသင်းရဲက ထိပ်တန်းပစ်မှတ်အဖြစ် ကာလရှည်ရှိနေခဲ့သူဖြစ်ပါတယ်။ ရီးရဲလ်နည်းပြဇီဒန်းကိုယ်တိုင်ကလည်း ဘာပေကို ခေါ်ယူချင်နေပြီး ကစားသမားကလည်း တစ်နေ့နေ့တချိန်ချိန်မှာ ဘာနေဗျူးကလပ်အတွက် ကစားပေးဖို့ အိပ်မက်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားဖူးပြီး ပီအက်စ်ဂျီအတွက်တော့ ခြိမ်းခြောက်မှုတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ 

ဒါပေမယ့် ဘာပေဘက်ကသာ စာချုပ်သစ်အတွက်ကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် ရီးရဲလ်အနေနဲ့ အနည်းဆုံးငါးနှစ်ခန့်အထိ ဒီကစားသမားကို ခေါ်ယူဖို့ ကိစ္စကို မေ့ထားရတော့မျာဖြစ်ပါတယ်။ ရီးရဲလ်အတွက်တော့ တိုက်စစ်ပိုင်းကို သွေးသစ်လောင်းဖို့ မဖြစ်မနေလိုအပ်နေတာဖြစ်ပြီး အဓိကတိုက်စစ်မှူးဘန်ဇီမာက အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်ကာ ပုံမှန်ခြေစွမ်းရဖို့ အနည်းငယ်ရုန်းကန်နေရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က