• အဖွင့်ပွဲရက်မှာပဲ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိသွားတဲ့ ငဒူရုပ်ရှင်

ငဒူရုပ်ရှင်ကို အနုပညာရှင်တွေ၊ မီဒီယာတွေနဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေစုံစုံလင်လင်တက်ရောက်အားပေးခဲ့ကြတာပါ။
image
 

နမူနာဗွီဒီယိုမှာကတည်းက မီဒီယာတွေရော၊ ပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့တဲ့ ငဒူရုပ်ရှင်ဟာ အဖွင့်ပွဲနေ့မှာပဲ ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိသွားခဲ့ပါတယ်။

ထူးထူးခြားခြားအဖြစ် စာနယ်ဇင်းပွဲနေ့မှာပဲ တစ်ခါတည်းရုံတင်ပြခဲ့တဲ့ ငဒူရုပ်ရှင်ကို အနုပညာရှင်တွေ၊ မီဒီယာတွေနဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေစုံစုံလင်လင်တက်ရောက်အားပေးခဲ့ကြတာပါ။

ငဒူရုပ်ရှင်မှာ မိဘမဲ့တစ်ဦးဖြစ်ပြီး ဉာဏ်ရည်မမီပေမယ့် လူတွေကိုကူညီတတ်သလို သူ့အပေါ်အနိုင်ကျင့်သူတွေကိုတောင် ခွင့်လွှတ်နိုင်တဲ့ ငဒူ အဖြစ် ပူပူနွေးနွေးအကယ်ဒမီဆုရှင် မြင့်မြတ်က အပီပြင်ဆုံးသရုပ်ဆောင်ထားပါတယ်။

ငဒူတစ်ဖတ်သတ်ချစ်ရသူလည်းဖြစ်၊ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်ပြီး ငဒူ့အတွက်အမြဲစိတ်ပူကာကွယ်ပေးတတ်တဲ့ ခင်ဦး အဖြစ် ရွှေမှုန်ရတီက အကောင်းဆုံးသရုပ်ဆောင်ထားပါတယ်။

 

စိတ်ထားကောင်းပေမယ့် ဉာဏ်ရည်မမီတာကြောင့် လူတွေကိုကူညီဖို့လိုရင်း တလွဲတွေဖြစ်ရတဲ့ ငဒူရဲ့ စရိုက်နဲ့ ငဒူနဲ့ခင်ဦး ကြားကဆက်ဆံရေးကို ဟာသလေးတွေနှောပြီးတင်ဆက်ကာ ဇာတ်လမ်းကို ရယ်စရာ၊ကြည်နူးစရာလေးတွေ စဖွင့်ထားပါတယ်။

တခြားသူတွေကို နှလုံးသားနဲ့ရင်းပြီးကူညီပေမယ့် ဦးနှောက်မကြီးရှာတဲ့ ငဒူဟာသူနဲ့ဘဝတူမိဘမဲ့ကလေးတွေအပေါ် အထူးဂရုစိုက်ကူညီချင်သူဖြစ်ပြီး မိဘမဲ့ကလေးတွေအတွက် အိမ်တစ်အိမ်ဆောက်ပေးဖို့ရည်ရွယ်ကာ ပိုက်ဆံတွေလည်း စုနေပါသေးတယ်။

 

ဒီလိုကနေ သူဌေးဦးရွှေဝင်း(မင်းဦး) ၊ သူ့ရဲ့သမီး ဝတ်ရည်သင်း(နန်းဆုဦး) တို့မိသားစုရောက်လာပြီးတဲ့နောက်မှာတော့ ဇာတ်လမ်းကစိတ်ဝင်စားစရာကောင်းလောက်အောင် ဇာတ်ရှိန်မြင့်သွားခဲ့ပြီး မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေကိုပါ ရှုစားကြရမှာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းထဲမှာပါဝင်တဲ့ ရှုခင်းတွေကလှပသလို ကင်မရာအယူအဆနဲ့ ရိုက်ကူးတင်ဆက်ပုံတွေကလည်း လှပဆန်းသစ် နေတာကို ခံစားကြည့်ရှုကြရမှာလည်း ဖြစ်လို့ ရုပ်ရှင်ဇာတ်ကားကောင်းကောင်းကြိုက်တတ်သူတွေ သွားရောက်အားပေး ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က