ဂျူဗင်တပ်အသင်းမှာ ၁၇ နှစ်တာ ကျင်လည်ခဲ့ပြီးနောက် မနှစ်က ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့ရာမှာတော့တစ်နှစ်အကြာမှာပဲ ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းရဲ့ ဂန္တဝင် ကစားသမားကြီးလို့ ဆိုရမယ့် ဘူဖွန်ကတော့ အတွေ့အကြုံသစ်တွေရဖို့ ခြေဆန့်ခဲ့ တဲ့ ပြင်သစ်မြေ ပီအက်စ်ဂျီအသင်းကနေ အိမ်ကို ပြန်ဖို့ စကားပြောနေပြီလို့ Bleacher Report သတင်းဌာနက ဖော်ပြလာပါတယ်။
အခု ပြန်လာဖို့ စကားပြောနေတာက အားကစား ဒါရိုက်တာအနေနဲ့ ပြန်လာမှာ မဟုတ်ပဲ ကစားသမားအနေနဲ့ပဲ ပြန်လာဦးမှာ ဖြစ်တယ်လို့လည်း ဖော်ပြလာပါတယ်။
ဒါပေမယ့်လည်း လက်ရှိ ဂျူဗင်တပ်အသင်းမှာတော့ အဓိက ဂိုးသမားအဖြစ် ရိုးမားအသင်းက ခေါ်ယူထားတဲ့ ဆက်ဇနီရှိနေတာကြောင့် ဘူဖွန်အနေနဲ့ ဆက်ဇနီရဲ့ အကူအဖြစ်သာ အသင်းမှာ ပြန်ရောက်လာနိုင်မယ်လို့ လည်း သိရပါတယ်။
ဘူဖွန်အနေနဲ့ မနှစ်ကဘောလုံးရာသီမှာပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို အတွေ့အကြုံသစ်တွေ ရယူလို တာကြောင့် ၁၇ နှစ်တာ ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းကနေ ခေတ္တ ထွက်ခွာခဲ့ပေမယ့် တစ်နှစ်အကြာမှာပဲ အသင်းဟောင်း ဂျူဗင်တပ်ကို ပြန်ချင်စိတ်တွေ ဖြစ်လာတာပါ။
ဘူဖွန်ကိုယ်တိုင်ကလည်း ပီအက်စ်ဂျီအသင်းနဲ့ လာမယ့် ဇွန်လအကုန်မှာ ပြည့်မယ့် စာချုပ်ပြီးရင် အသစ် ထပ်မံ ချုပ်ဆိုဖို့ မရှိတော့ဘူးလို့ ပြောထားပါတယ်။
အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ဘူဖွန်ဟာ ကစားသမားဘဝကို တူရင်မြေမှာပဲ ကုန်ဆုံးချင်တာကြောင့် အခုလို ပြန် လာတာလို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီတစ်ကြိမ် ပြန်လာရင်တော့ ကျောနံပါတ် တစ် ဂျာစီကို ပြန်လည်ရရှိ နိုင်မှာမဟုတ်ပဲ ဆက်ဇနီကသာ ဆက်လက်ဝတ်ဆင်မြဲ ဝတ်ဆင်သွားလိမ့်မယ်လို့လည်း သတင်းတွေ ထွက်နေ ပါတယ်။