• Apple က Twitter ကို ဘယ်တော့မှ ပိတ်ချဖို့ စိတ်မကူးခဲ့ကြောင်း အီလွန်မတ်စ်ပြော

တင်မ်ကွတ်နဲ့ တွေ့ပြီး Twitter ကိစ္စ နားလည်မှုလွဲတာ ဖြေရှင်းလိုက်ပြီလို့ ပြောပါတယ်

Twitter ကို App Store ပေါ်ကနေ ဖြုတ်ချဖို့ Apple က ခြိမ်းခြောက်ခဲ့တယ်လို့ အခုတစ်ပတ်အစောပိုင်းကပဲ အီလွန်မတ်စ်က ပြောကြားခဲ့ပါတယ်။ 

ဒီတစ်ပတ်ထဲမှာပဲ Twitter သူဌေး အီလွန်မတ်စ်နဲ့ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်တို့ Apple ရုံးချုပ်မှာ တွေ့ဆုံခဲ့ကြပြီးနောက် အီလွန်မတ်စ်ရဲ့လေသံပြောင်းလာပါတယ်။ တင်မ်ကွတ်နဲ့ အီလွန်မတ်စ်တို့ တွေ့ဆုံပွဲမှာ စကားပြောအဆင်ပြေခဲ့ပြီး နားလည်မှုလွဲတဲ့ကိစ္စလည်း ဖြေရှင်းနိုင်ခဲ့တယ်လို့ အီလွန်မတ်စ်က ပြောပါတယ်။ 

image


Photo: Latestly

“ပြောလို့ဆိုလို့ ကောင်းတယ်ဗျ။ တခြားဟာတွေထက် App Store ကနေ Twitter ကို ဖယ်ရှားနိုင်ခြေရှိတယ်ဆိုပြီး နားလည်မှုလွဲနေတာလည်း ဖြေရှင်းခဲ့တယ်။ တင်မ်ဘက်က Apple ဟာ ဒါမျိုး လုပ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလို့ ရှင်းပြခဲ့တယ်လေ” လို့ အီလွန်မတ်စ်က Tweet တင်ခဲ့ပါတယ်။ Apple ရဲ့ လှပတဲ့ရုံးချုပ်ကြီးအနှံ့ လိုက်ပြတဲ့အတွက်လည်း တင်မ်ကွတ်ကို ကျေးဇူးတင်ကြောင်းပါ မတ်စ်က Tweet တင်ခဲ့တာပါ။ 

Twitter app နဲ့ ပတ်သက်လို့ Apple တို့ ငြိခဲ့တဲ့ မူလပြဿနာအရင်းအမြစ်ကို မတ်စ်က ဘယ်တုန်းကမှ မပြောခဲ့ပေမယ့် Twitter ရဲ့ ယုံကြည်မှုနဲ့ ဘေးကင်းရေးအကြီးအကဲဟောင်းရဲ့ အဆိုအရ အရင်က Apple ဟာ Twitter app Review လုပ်နေစဉ်မှာ ပြဿနာအမျိုးမျိုးနဲ့ ရီပို့ပေးခဲ့တာ ရှိတယ်လို့ ပြောပါတယ်။ အီလွန်မတ်စ်နဲ့ တင်မ်ကွတ်တို့ တွေ့ဆုံမှုမှာ မတ်စ်စောဒဂတက်ခဲ့တဲ့ တခြားအကြောင်းအရာတွေကိုရော ဖြေရှင်းနိုင်ခဲ့သလားတော့ မသိရပါဘူး။

App Store ကိစ္စနဲ့ အပြင် အီလွန်မတ်စ်ဟာ Apple ကုမ္ပဏီရဲ့ Developer တွေကို ပလက်ဖောင်းပေါ်က In-App Purchase ဝယ်ယူမှုတိုင်းမှာ secret tax ၃၀% ကောက်တဲ့ ကိစ္စကိုလည်း ဝေဖန်ခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ တစ်လ ၈ ဒေါ်လာ ကောက်ခံမယ့် Twitter Blue အစီအစဉ်ကို မတ်စ်က ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။ Twitter နဲ့ Apple အကြား တကယ်ပဲ ပြဿနာတွေ ဖြေရှင်းပြီးသွားပြီလားဆိုတာ မသေချာသေးပါဘူး။ 

Twitter ပလက်ဖောင်းတွေပေါ်မှာ တစ်နှစ် ဒေါ်လာသန်း ၁၀၀ ကျော်တန် ကြော်ငြာကမ်ပိန်းတွေ ဝယ်နေတဲ့ Apple ဘက်က ကြော်ငြာအများစု ရပ်လိုက်တဲ့အပေါ် အီလွန်မတ်စ်က နိုဝင်ဘာ ၂၉ ရက်နေ့ Tweet ထဲမှာ “အမေရိကမှာ လွတ်လပ်စွာပြောဆိုမှုကို သူတို့မုန်းလို့များလား” လို့ သရော်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က