Watch Series 7 မှာ Algorithm အရည်အသွေးမမှီခဲ့လို့ မပါတာလို့ ဆိုပါတယ်

၂၀၂၂ ခုနှစ် တတိယသုံးလပတ်မှာ ထွက်လာမယ့် Apple Watch Series 8 မှာ အသုံးဝင်တဲ့ ကျန်းမာရေးစနစ်တစ်ခု ပါလာမယ်လို့ သတင်းထွက်နေပါတယ်။


ဒီနှစ် ထွက်မယ့် Apple Watch Series 8 မှာ ကိုယ်အပူချိန်တိုင်းတာနိုင်မယ့် သာမိုမီတာလုပ်ဆောင်ချက် ပါမယ်လို့ သတင်းထွက်နေပြီး တချို့ကလည်း ကိုယ်အပူချိန်တိုင်းအာရုံခံစနစ်ဟာ အနည်းဆုံး နောက်တစ်နှစ်အထိ မြင်ရဖို့ မရှိဘူးလို့လည်း ပြောနေတာတွေ ရှိပါတယ်။ နာမည်ကျော် Apple ရေးရာ ဆန်းစစ်လေ့လာသူ မင်ချိကုအိုကတော့ ဒီနှစ် ဒုတိယနှစ်ဝက်အတွင်းမှာကိုပဲ Watch Series 8 မှာ ကိုယ်အပူချိန်တိုင်းစနစ် သုံးလာနိုင်တယ်လို့ ပြောပါတယ်။





ပြီးခဲ့တဲ့နှစ်က Watch Series 7 မှာ ကိုယ်အပူချိန်တိုင်းစနစ် မပါတာဟာ အပူချိန်တိုင်းတာရေး Algorithm ဟာ EVT (Engineering Validation Test) ဝင်ဖို့ အရည်အသွေးမမှီခဲ့တာကြောင့်လို့ ဆိုပါတယ်။ စမတ်နာရီတစ်လုံးမှာ ကိုယ်အပူချိန် တိုင်းတာမှုအတွက် Hardware ထောက်ပံ့မှု မလုပ်နိုင်ဘဲ ပတ်ဝန်းကျင်ပေါ်လိုက်ပြီး မကြာခဏ ပြောင်းလဲနေတဲ့ အရေပြားအပူချိန်တိုင်းတာမှုကိုပဲ လုပ်တာ ဖြစ်လို့ တိကျတဲ့ ရလဒ်ထွက်အောင် Algorithm က မစွမ်းဆောင်နိုင်ခဲ့တာပါ။ 

ဒီနှစ်ထဲမှာတော့ Watch Series 8 ထုတ်လုပ်မှု မစခင်ကတည်းက Algorithms ဟာ Apple ရဲ့ အရည်အသွေးလိုအပ်ချက်နဲ့ ကိုက်ညီအောင် ထုတ်နိုင်ခဲ့ရင် အသစ်ထွက်လာမယ့် စမတ်နာရီသစ်မှာ ကိုယ်အပူချိန်တိုင်း Sensor ပါလာဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီနှစ်ထဲ အသစ်ထွက်မယ့် Galaxy Watch 5 မှာလည်း Algorithm ကန့်သတ်ချက်တွေကြောင့် ကိုယ်အပူချိန်တိုင်း သာမိုမီတာစနစ် ပါလာဖွယ် မရှိဘူးလို့ မင်ချိကုအိုက ခန့်မှန်းထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က