watchOS 5 ဗားရှင်းသစ်နဲ့အတူ Apple စမတ်နာရီပိုင်ရှင်တွေကတော့ စိတ်လှုပ်ရှားစရာ fitness features သစ်တွေကို သုံးနိုင်တော့မှာပါ။
Apple ဟာ စက်တင်ဘာ ၁၇ ရက်နေ့ကစပြီး Apple Watch 2 နဲ့3 တို့မှာ watchOS 5 ကို တင်ပေးမယ်လို့ကြေငြာထားပါတယ်။ watchOS 5 ရဲ့ အရေးပါဆုံး updates တွေဟာ ဘာတွေ ဖြစ်မလဲ ၊ ဒီ OS သစ်ကို တင်မယ်ဆို ဘယ်လို fitness features တွေ သုံးနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။
(၁) သူငယ်ချင်းတွေနဲ့စိန်ခေါ်ပြီး workout လုပ်မယ်
Photo: CNET
Fitbit စမတ်နာရီတွေမှာ ပါလာတဲ့ စိတ်ဝင်စားစရာ feature တစ်ခုက ကိုယ့်ဘော်ဒါတွေနဲ့တစ်နေ့/တစ်ပတ် လမ်းဘယ်လောက်အထိ လျှောက်ဖြစ်တယ်ဆိုတာကို ပြိုင်လို့ရတာပါပဲ။
ဒါမျိုးကို Apple Watch တွေမှာလည်း သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ watchOS 5 မှာလည်း အပတ်စဉ် ဘော်ဒါတွေနဲ့ချဲလင့်ချ်လုပ်ပြီး ဘယ်သူက ဘယ်လောက် လေ့ကျင့်ခန်းလုပ်နိုင်တယ်ဆိုတာကို ကြည့်နိုင်တော့မှာပါ။
(၂) လေ့ကျင့်ခန်းတွေကို အလိုအလျောက် သိနိုင်မယ်
Photo: CNET
Apple Watch တွေမှာ မြင်ရမယ့် အကောင်းဆုံး fitness feature ထဲက တစ်ခုက workout တွေကို အော်တို သိနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ အားကစားလေ့ကျင့်ခန်း တစ်ခု စပြီး လုပ်လိုက်တာနဲ့Apple Watch ကနေ သိနေမှာ ဖြစ်ပြီး workout လုပ်ချိန် အစကနေ အဆုံးအထိ မှတ်ဖို့လူကို အသိပေးမှာပါ။
(၃) workout mode တွေ ပိုပါလာမယ်
Photo: CNET
WatchOS 5 မှာ Apple ဟာ workout modes အသစ်ချည်း ၁၂ မျိုး ကြေငြာထားပါတယ်။ ဒါတွေထဲမှာ ယောဂလိုမျိုး ကိုယ်စိတ် ကျင့်စဉ်နဲ့တောင်တက်နေစဉ် ကိုယ်ရောက်နေတဲ့ အမြင့်ကို တိုင်းတာတာတွေ ပါဝင်လာမှာပါ။
(၄) အပြေးလေ့ကျင့်ခန်း လုပ်နေတုန်း တွက်ချက်မှုအသစ်တွေ
Photo: CNET
OS သစ်မှာတော့ ပြေးရင်းနဲ့ခန္ဓာကိုယ်ပေါ်က အပြောင်းအလဲတွေ တွက်ချက်ရာမှာ ပိုပြီး အသေးစိတ်တဲ့ အတိုင်းအတာတွေ ပြသပေးသွားမှာပါ။ အပြင် outdoor ပြေးမယ်ဆိုရင် ဘယ်နှစ်မိုင်ရောက်ခဲ့တယ်ဆိုတာကို ပြပေးသွားမှာ ဖြစ်ပါတယ်။
(၅) Podcasts ကနေ နားထောင်မယ်
Photo: CNET
သူကတော့ ကိုယ်လက် ကြံ့ခိုင်ရေးအသားပေး feature မဟုတ်ပေမယ့် အားကစားလုပ်ရင်း သီချင်း နားထောင်ချင်သူ Apple fan တွေအတွက် Podcast နားထောင်ခွင့်ရတာ မိုက်တယ်လို့ဆိုရမှာပါ။ အခုဆို Podcast တွေကို Apple Watch တွေနဲ့ချိတ်ပြီး နားထောင်ရင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်နိုင်မှာ ဖြစ်သလို Siri ကို မေးပြီး Podcast ကနေ podcast အသံဖိုင်တွေ ရှာနိုင်မှာ ဖြစ်ပါတယ်။
ဒါတွေကတော့ WatchOS 5 နဲ့အတူ WebKit ဆိုတဲ့ search စနစ်ပါလာလို့ဝက်ဘ်ဆိုက်တစ်ချို့ထဲ ဝင်ပြီး အစားအသောက်မှာတာမျိုးတွေ လုပ်ဆောင်နိုင်တော့မှာပါ။
Photo: arstechnica
ဒါတင်မဟုတ်ဘဲ လမ်းလျှောက်စကားပြောစနစ် Walkie-Talkie feature ဖြစ်ပြီး တစ်ယောက်ယောက်ကို ကိုယ့်ဆီ မက်ဆေ့ပို့ဖို့permission ပေးထားတာနဲ့တစ်ဘက်ကနေ အသံမက်ဆေ့ထားနိုင်မှာ ဖြစ်ပါတယ်။
Share