ဒေါ်လာ ၂၀၀၀ ကျော်တန် တန်ဖိုးကြီး ထုတ်ကုန် ဖြစ်လာမှာပါ

လက်ရှိ ကြားနေရတဲ့ သတင်းတွေအရဆို Apple ရဲ့ ပထမဆုံး AR/VR Headset ကို ဒီနှစ်အကုန်မှာ မြင်ရဖို့ ရှိပါတယ်။ 

သတင်းထွက်နေတာ ကြာပြီ ဖြစ်တဲ့ Apple ရဲ့ Augmented Reality (AR) နဲ့ Virtual Reality (VR) လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Headset အတွက် အရေးပါတဲ့ ထုတ်လုပ်ရေးစမ်းသပ်မှုတွေ လုပ်ဆောင်ပြီးသွားပြီလို့ DigiTimes က ဖော်ပြပါတယ်။




Headset ပစ္စည်းအစိတ်အပိုင်း ထောက်ပံ့တဲ့ Supplier တွေဆီက သတင်းအချက်အလက်ကို ကိုးကားပြီး ထုတ်ကုန် ဒုတိယအဆင့် အင်ဂျင်နီယာပိုင်းစမ်းသပ်စစ်ဆေးမှု EVT 2 အောင်သွားပြီလို့ ဖော်ပြခဲ့တာပါ။ ဒီစမ်းသပ်မှုက နမူနာ Prototype တွေအနေနဲ့ Apple ရဲ့ ဒီဇိုင်း ရည်မှန်းချက်နဲ့ ထုတ်ကုန်အချက်အလက်ပိုင်းစံနဲ့ ကိုက်မကိုက် သေချာအောင် စစ်ဆေးတာ ဖြစ်ပါတယ်။

Photo: iphoneincanada


ဒီသတင်းမှာပဲ ၂၀၂၂ ခုနှစ်အကုန်မှာ ဒီ Headset ကို မိတ်ဆက်ပြသသွားဖို့ ခန့်မှန်းထားကြောင်း ပြောထားပါတယ်။ နာမည်ကြီး Apple သတင်းထောက် မာ့ခ်ဂါးမန်းကတော့ ထုတ်ကုန်ဖွံ့ဖြိုးရေးပိုင်း ကြန့်ကြာမှုတွေကြောင့် Apple Headset မိတ်ဆက်နိုင်ဖို့ကိစ္စဟာ ၂၀၂၃ အထိ ရောက်သွားနိုင်တယ်လို့ ဇန်နဝါရီလက ပြောထားပါတယ်။ 

၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်း မြင်ရဖို့ ရှိတဲ့ Apple ရဲ့ ပထမဆုံး AR/VR Headset ထုတ်ကုန်နဲ့ ပတ်သက်ပြီး သတင်းတွေအများအပြား ထွက်ထားပါတယ်။ အတည်မပြုနိုင်သေးတဲ့အချက်အလက်တွေအရ Apple AR/VR Headset ဟာ အပေါ့စား Lightweight ဒီဇိုင်းနဲ့လာပြီး 4K micro OLED Display နှစ်ခု သုံးလာမယ်လို့ ဆိုပါတယ်။ 

ကင်မရာ Modules ၁၅ ခု ပါဝင်ပြီး အဓိကပင်မ Processor နှစ်ခု သုံးလာနိုင်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအတွက် WiFi 6E စံနဲ့လာပြီး မျက်စိအကြည့်အတိုင်း ခြေရာခံထောက်လှမ်းနိုင်ခြင်း ၊ အရာဝတ္ထုခြေရာခံမှု ၊ AR Mode ၊ လက်အမူအရာနဲ့ ထိန်းချုပ်စနစ် စတဲ့ Features တွေလည်း ထည့်သွင်းလာမယ်လို့ သတင်းထွက်နေပါတယ်။ 



Bloomberg သတင်းတစ်ပုဒ်မှာတော့ Apple Headset ဟာ ဒေါ်လာ ၂၀၀၀ ကျော်နဲ့အထက် ဈေးနဲ့ ရောင်းချသွားမယ်လို့ ခန့်မှန်းထားပါတယ်။ လောလောဆယ် အသေးစိတ်သတင်းတွေ ထွက်လာခြင်း မရှိသေးပေမယ့် မကြာခင်မှာ ဒီထုတ်ကုန်အကြောင်း အစီရင်ခံစာတွေ ကြားလာရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က