လက်ရှိ အချစ်ရေးကရော။

ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ အားပေးမှု ရရှိလာတဲ့ အောင်မင်းခန့်က အချစ်ရေးမှာ ကံမကောင်းတတ်ဘူးလို့ ဆိုပါတယ်။ အချစ်ရေးကံမကောင်း တတ်ပေမယ့်လည်း သူကြိုက်တဲ့ ကောင်မလေးပုံစံတော့ ရှိတယ်လို့ အောင်မင်းခန့်က ပြောပါတယ်။

Photo : အောင်မင်းခန့်



မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ အောင်မင်းခန့်က အချစ်ရေးမှာ ကံမကောင်းတတ်သူ တစ်ဦးပါတဲ့။ အဲ့ဒါကြောင့် လက်ရှိမှာ အချစ်ရေးကို စိတ်မဝင်စားသေးပဲ သူချစ်တဲ့ အနုပညာအလုပ်တွေနဲ့ ချစ်တဲ့ပရိသတ်တွေအတွက် အချိန်ပေးဖြစ်နေတယ်လို့ အောင်မင်းခန့်က ဆိုပါတယ်။

“ကျွန်တော်က အချစ်ရေး သိပ်ကံမကောင်းဘူး။ အဲ့ဒါကြောင့် အေးအေးဆေးဆေးပဲ နေတယ်။ အခုချိန်က စိတ်ကစားတဲ့ အရွယ်လည်း မဟုတ်ဘူးလေ။ ကိုယ့်ပရိသတ်နဲ့ အလုပ်တွေနဲ့တောင် အချိန်ကမလောက်ဘူး ဖြစ်နေတာ ။”လို့ ဖေဖော်ဝါရီ(၉) ရက်နေ့က Time Square Fashion ပွဲမှာ ပြောပြခဲ့တာပါ။

Photo : အောင်မင်းခန့်

လက်ရှိမှာ ချစ်သူကောင်မလေး ထားဖို့ စိတ်ကူးမရှိသေးပေမယ့်လည်း သူကြိုက်တဲ့ ကောင်မလေး ပုံစံတော့ ရှိတယ်လို့ ဆိုပါတယ်။

“ကျွန်တော် ငယ်ငယ်ကတည်းကရော၊ အခုရော ကြိုက်တဲ့ ကောင်မလေးပုံစံ တစ်ပုံစံတည်း ရှိတယ်။ မိန်းကလေး ပီသရမယ်။ တည်ငြိမ်ရမယ်။ နူးညံ့ရမယ်။ မိန်းမသားတစ်ယောက်မှာ ရှိသင့်တဲ့ ပုံစံပေ့ါ အဲ့လိုမျိုးဆို ကျွန်တော်အရမ်းနှစ်သက်တယ်။ မိန်းကလေးတစ်ယောက် သိမ်သိမ်မွေ့မွေ့နူးနူးညံ့ညံ့လေး နေလိုက်ရင် အရမ်းကို သဘောကျတာ။” လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

Photo : အောင်မင်းခန့်

အောင်မင်းခန့်(Aung Min Khant) က လက်ရှိမှာ “မျက်လုံးမှာအလွမ်းနှှုတ်ခမ်းမှာမာန” ဆိုတဲ့ ဇာတ်လမ်းတွဲလေး ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဆက်လက်ပြီးတော့လည်း မတ်လမှာ “နှင်းဆီ” ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ရှိတယ်လို့ ဆိုပါတယ်။

ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ရင်ထဲမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့ အောင်မင်းခန့်က "ထာဝရမန္တလေး"၊ "ဝင်္ကပါစံအိမ်"၊ "ဝိညာဉ်ရှိုက်သံ" စတဲ့ဇာတ်လမ်းတွဲတွေကနေ ပရိသတ်အားပေးမှု ရရှိထားသူပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က