လူဦးရေ (၅)သောင်းကျော်ကို စစ်တမ်းကောက်ယူခဲ့တာပါ။

ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာ အများဆုံးတွေ့ရှိထားတဲ့အင်းစိန်မြို့နယ်အတွင်း ရပ်ကွက် (၄)ခုမှာ နေထိုင်တဲ့ လူဦးရေ (၅)သောင်းကျော်ကို ကျန်းမာရေးစစ်တမ်းကောက်ယူရာမှာ သံသယလူနာ (၁၆)ဦးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

ကျန်းမာရေးစစ်တမ်းကောက်ယူမှုကိုတော့ မနေ့က မေလ(၆)ရက်နေ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေက တစ်အိမ်တက်၊ တစ်အိမ်ဆင်းနဲ့ ကိုယ်ပူချိန်တိုင်းတာတွေကို လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ 



“ မနေ့က ကျွန်တော်တို့ ကျန်းမာရေးစစ်တမ်းကောက်ယူတယ်။ သံသယလူနာ (၁၆)ဦးတွေ့တယ်။ သံယလူနာဆိုတာက ကျွန်တော်တို့ ဒီရောဂါ လက္ခဏာတွေ ဖြစ်တဲ့ ဖျားနာ၊ နှာချေး၊ ချောင်းဆိုးတဲ့သူတွေပါ။ အခု(၁၆)ဦးကိုတော့ Quarantine လုပ်ထားပါတယ်။ ပြီးရင် သူတို့ကိုဓာတ်ခွဲနမူနာစစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိရဘူးဆိုရင်တော့ နေအိမ်တွေမှာပဲ ပြန်လည်နေထိုင်စေမှာပါ” လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။ 

အင်းစိန်မြို့နယ်အတွင်းနေထိုင်သူတွေကို အခုလို ကျန်းမာရေးစစ်တမ်းကောက်ယူရတာက ပိုးတွေ့လူနာအများဆုံးတွေ့ရှိထားတဲ့ မြို့နယ်တစ်ခုဖြစ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်တစ်ခု အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ စစ်တမ်းကောက်ယူရာမှာ ပြည်သူတွေအနေနဲ့က ဝမ်းသာအားရကြိုဆိုကြသလို ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့က အခုလိုပူလောင်တဲ့ ရာသီဥတုအခြေအနေမှာ ဝတ်စုံပြည့်ဝတ်ပြီး လုပ်ဆောင်ရာကလွဲလို့ အခက်အခဲမရှိပါဘူးလို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၁၆၂)ဦးရှိပြီး သေဆုံးသူ(၆) ဦး၊ ပြန်လည်ကောင်းမွန်လာ(၅၀)ဦးထိရှိပါတယ်။ ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုရင်လည်း အင်းစိန်မြို့နယ်ကလူနာအများဆုံးတွေ့ရှိထားတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က