ကစားရမယ့်နေရာနဲ့ပတ်သက်ပြီး သဘောထားမတူညီကြတာပါ။

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဒန်းနစ်စ်ဆွာရက်ဇ်ကို ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီမှာ အရခေါ်ယူပေးဖို့ အသင်းကို အတင်းအကြပ် ဖိအားပေးခဲ့သူပါ။

အသက် ၂၅ နှစ်အရွယ် ဒန်းနစ်ဆွာရက်ဇ်ဟာ အာဆင်နယ်အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး အမ်မရီကို သတင်းထောက်က ဆွာရက်ဇ် ကစားရမယ့်နေရာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ အမ်မရီက “ကျွန်တော်တို့ တောင်ပံကစားသမားတွေ လိုအပ်နေပါတယ်။ ဆွာရက်ဇ်မှာ အဲဒီအရည်အသွေးရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


အမ်မရီနဲ့ ဒန်းနစ်စ်ဆွာရက်ဇ်တို့ဟာ ၂၀၁၄-၂၀၁၅ ရာသီက ဆီဗီလာအသင်းမှာ အတူတူလက်တွဲခဲ့ဖူးသူတွေဖြစ်ပြီး ဆွာရက်ဇ်ကို အမြဲတမ်းတောင်ပံမှာ အသုံးပြုလေ့ရှိကြောင်း အမ်မရီက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ “သူ ကျွန်တော်နဲ့ ရှိခဲ့တဲ့အချိန်တုန်းကဆို သူက ဘယ် ဒါမှမဟုတ် ညာတောင်ပံမှာ ကစားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းကို ပြန်လည် ရောက်ရှိခဲ့ချိန်ကတည်းက မကြာခဏ ကွင်းလယ်မှာ အသုံးပြုခံခဲ့ရပြီး ယင်းနေရာဟာ ၎င်းရဲ့ မူလနေရာအမှန် ဖြစ်တယ်လို့ ဆွာရက်ဇ်က ထင်မြင်နေဆဲဖြစ်သလို အင်နီယေစတာလို ကစားဟန်နဲ့ ကစားလိုနေတာလည်း ဖြစ်ပါတယ်။

“ကျွန်တော်က ကွင်းလယ်ကစားသမားဖြစ်ပြီး ကျွန်တော့်ရဲ့အကောင်းဆုံးအရည်အချင်းက နောက်ဆုံးဘောလုံးပါ(ဂိုးဖန်တီးမှု)”

“ဘောလုံးလောကထဲမှာ ကျွန်တော် အမြဲတမ်း အကြည့်မိဆုံးပုဂ္ဂိုလ်ကတော့ အင်နီယေစတာပါ။ သူက ကျွန်တော် ငယ်ငယ်ကရော အမြဲတမ်းအတွက်ပါ ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်ဖြစ်နေမှာပါ”

“သူကစားတဲ့နေရာက ကျွန်တော်နဲ့ ဆင်တူနေတာလည်း ပါပါတယ်။ ကျွန်တော် သူနဲ့ ၂ နှစ်လောက် နေခဲ့ရပါတယ်။ အများကြီးသူ့ဆီက သင်ယူခဲ့ရတယ်။ သူနဲ့ နှိုင်းယှဉ်ခံရတာဟာ အမြဲတမ်းကြီးမားတဲ့ချီးမွမ်းခန်းဖြစ်နေမှာပါ”လို့ Arsenal TV ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က