
Photo: Thinzar
သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ ညီမငယ်လေး သဉ္ဇာက အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ သူမကို အစ်မဖြစ်တဲ့ ဝါဆိုမိုးဦးက သင်ပြ၊ ပြောပြပေးတာတွေရှိတယ်လို့ Duwun Media ကနေဖြေဆိုခဲ့ပါတယ်။

Photo: Thinzar
အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အစ်မဖြစ်သူ ဝါဆိုမိုးဦးရဲ့ ပံ့ပိုးပေးမှုတွေကြောင့် ပျော်ရွှင်ရတယ်လို့ L’Oreal ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
‘’ Feeling ကတော့ ကိုယ့်အစ်မတစ်ယောက်လုံး ကိုယ့်အတွက် Supporting လည်း လုပ်ပေးတယ်။ ကိုယ့်ဘက်ကလည်း ရပ်တည်ပေးတယ်ဆိုတော့ ဘယ်သူမဆိုအတိုင်းမသိပျော်တယ်။ ဝမ်းလည်း ဝမ်းသာတာပေါ့နော်’’လို့ သူကဆိုပါတယ်။
Photo: Thinzar
သဉ္ဇာဟာ ချစ်စရာကောင်းသူလေးလည်းဖြစ်သလို၊ အသားအရေနဲ့ ခန္ဓာကိုယ်ကလည်း ပြောစရာမလိုအောင်လှပါတယ်။ အချစ်ရေးထက် ပညာရေးကို ပိုဦးစားပေးသွားမယ်လို့ သူကဆိုပါတယ်။
Photo: Thinzar
သဉ္ဇာ့(Thinzar)ကိုတော့ ဝါဆိုမိုးဦးရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အမှတ်တရ ဓာတ်ပုံလေးတွေကနေတဆင့် ဝါဆိုရဲ့ ညီမအရင်းလေးဖြစ်ကြောင်း ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ အခုဆိုရင် သဉ္ဇာက Music Video တွေလည်း ရိုက်ကူးနေရတာဖြစ်သလို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေလည်း ရိုက်ကူးနေရတာကို တွေ့ရပါတယ်။