ဓာတ်အားလိုင်းအနီးမှာ အဆောက်အဦးတွေဆောက်လုပ်နေထိုင်ပါက လျှပ်စစ်အန္တရာယ် အချိန်မရွေးကျရောက်နိုင်ပါတယ်။
လျှပ်စစ်ဓာတ်အားလိုင်းဧရိယာအတွင်း ကျူးကျော် နေအိမ် အဆောက်အဦးတွေ၊ ကျူးကျော်ဈေးဆိုင်ခန်းတွေ၊ ဆိုင်ခန်းနေအိမ် အဖီအဆွယ်တွေ ဆောက်လုပ်နေတာကိုတွေ့ရှိပါက သတင်းပေးတိုင်ကြားဖို့ ရန်ကုန်လျှပ်စစ် ဓာတ်အားကော်ပိုရေးရှင်းက ကြေညာထားပါတယ်။

Photo - YESC

မတ်လ ၉ ရက်ညနေပိုင်းက လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီး ညောင်ရွာရှိ လမ်းဘေးကျူးကျော်တဲဆိုင်ခန်း ဓာတ်ဆီဆိုင်မှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ ဓာတ်အားဖြန်ဖြူးပေးနေတဲ့ Double Circuit TowerStructure 33kV ကနောင်-ခနောင်တို၊ 33kV ကနောင် -ကွမ်းခြံကုန်း ဓာတ်အားလိုင်းကြိုးတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

မီးလောင်မှုကိုသုံးသပ်ရာ လျှပ်စစ်ဓာတ်အားလိုင်းအနီးက ကျုးကျော်တဲတွေကြောင့်ဖြစ်ပြီး ဓာတ်အားလိုင်းအနီးမှာ အဆောက်အဦးတွေဆောက်လုပ်နေထိုင်ပါက လျှပ်စစ်အန္တရာယ် အချိန်မရွေးကျရောက်နိုင်တယ်လို့ YESC က ကြေညာထားပါတယ်။ ဒါ့ကြောင့် လျှပ်စစ်ဓာတ်အားလိုင်း ဧရိယာအနီးမှာ အဆောက်အဦးတွေ မဆောက်လုပ်သင့်ကြောင်း၊ ဆောက်လုပ်နေတာတွေ့ပါက သတင်းပေးတိုင်ကြားဖို့ YESC က တိုက်တွန်းခဲ့တာပါ။
Photo - YESC

ဓာတ်ကြိုးတွေ မီးလောင်ပျက်စီးမှုကြောင့် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော် နေရာတွေမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်ကျွမ်းပျက်စီးခဲ့တဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးတွေကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း လျှပ်စစ်ဝန်ထမ်းများက မနေ့ ညနေကစပြီး အခုချိန်ထိ ပြုပြင်ဆောင်ရွက်နေရဆဲဖြစ်ပြီး မကြာမီ ဓာတ်အားပြန်လည်ပို့လွှတ်နိုင်တော့မယ်လို့ YESC က အသိပေးကြေညာထားပါတယ်။

Share

Loading Next Article...
က္က