ဒီနေ့မနက်က ဆွာတမံ ကျိုးပေါက်သွားတာကြာင့် အနီးအနားက ရွာတွေ ရေလွမ်းခံရပြီး ဒေသခံပြည်သူတွေ အနီးအနားမြို့ပေါ်ကို ရေးဘေးအတွက် ထွက်ပြေးနေပါတယ်။
Photo - Nyi Nyi Lwin
သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ရဲ့နောက်ဘက် ဆွာတမံ ရေထိန်းတံခါး ရေပိုလွဲရေကျော်ပြီး ရေထိန်းတံခါကျိုးပျက်ရာကနေ ကွန်ကရစ်တံံမံပါ ကျိုးပျက်သွားတာဖြစ်တယ်လို့ ဆည်တာဝန်ရှိသူက Duwun ကိုပြောပါတယ်။
အဲ့ဒါကြောင့် ရေထွက်တာများပြီး မူလချောင်းရေပြည့်လျှံနေလိ့ုရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ ဆွာမြို့မှာ ရေကြီးရေလျှံနေပါတယ်။ တမံကျိုးကျပျက်စီးခြင်းမရှိသေးကြောင်းနဲ့ လက်ရှိမှာ အနီးကပ်စီမံခန့်ခွဲဖု့ အတွက် ပြည်ထောင်စုအဆင့် လုပ်ဆောင်နေတယ်လို့ ဆည်မြောင်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။