ပွဲဦးထွက်ရာသီမှာ အခက်ခဲဆုံးကာလတွေ ရင်ဆိုင်ခဲ့ရတာပါ။

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ မန်စီးတီးကို ကိုင်တွယ်နေချိန်အတွင်း ၎င်းရဲ့အနိမ့်ပါးဆုံးအခိုက်အတံ့တွေထဲက တစ်ခုဖြစ်ခဲ့တဲ့ အချိန်တုန်းက ရုံးခန်းထဲကနေ ထွက်ခွာဖို့ကို ငြင်းဆန်ခဲ့တယ်လို့ Sportbible ရဲ့ဖော်ပြချက်အရ သိရပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ရာသီအသစ်မှာ ဂွါဒီယိုလာဟာ ရာသီအစ ၂ ပွဲမြောက်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ၁ ယောက်လျော့နေတဲ့ မန်ချက်စတာစီးတီးအသင်းက အဲဗာတန်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ယင်းပွဲစဉ်မှာ ဝိန်းရူနီက ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၀ မြောက်ဂိုးကို သွင်းယူခဲ့ပြီး စတားလင်းက မန်ချက်စတာစီးတီးအတွက် ချေပဂိုး ပြန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ကိုင်လီဝေါ်ကာဟာ ပထမပိုင်းမှာ အငြင်းပွားဖွယ် ထုတ်ပယ်ခံခဲ့ရပြီး မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းနဲ့ ဂိုးပေါက်ကန်သွင်းမှု ၁၉ ကြိမ်အထိ ရှိခဲ့ပေမယ့် အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

နည်းပြ ပက်ဂွါဒီယိုလာဟာ မန်ချက်စတာစီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ပွဲဦးထွက်ရာသီမှာ ချန်ပီယံ ချယ်ဆီးအသင်းနဲ့ ၁၅ မှတ်အကွာ အဆင့် ၃ နေရာမှာသာ ရပ်တည်နိုင်ခဲ့သလို အိမ်ကွင်းမှာ ရမှတ် ၄၀ သာ ရယူနိုင်ခဲ့ပြီး ဖလားလက်မဲ့ရာသီကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

The Sun ရဲ့ဖော်ပြချက်အရ ပက်ဂွါဒီယိုလာဟာ အဲဗာတန်နဲ့ပွဲအပြီးမှာ ရုံးခန်းအတွင်း တံခါးသော့ခတ်ပြီး စိတ်ပျက်လက်ပျက်ထိုင်နေခဲ့တယ်လို့ သိရပြီး ပြိုင်ဘက်နည်းပြ ရော်နယ်ကိုးမန်း၊ ၎င်းရဲ့သားသမီးတွေနဲ့ ဇနီးဖြစ်သူကိုတောင် စကားမပြောဘဲ နေခဲ့တယ်လို့ သိရပါတယ်။

ဂွါဒီယိုလာရဲ့စိတ်ထဲမှာ အရင်တုန်းက အောင်မြင်မှုတွေအတိုင်း မန်ချက်စတာစီးတီးအသင်းမှာ ထပ်လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယက ဝင်နေခဲ့တာဖြစ်ပြီး တံခါးလာခေါက်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းဥက္ကဌ ခါဒွန်းအယ်မူဘာရတ်ဆီကနေ အရေးအကြီးဆုံးထောက်ခံအားပေးမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

ခါဒွန်းအယ်မူဘာရတ်က ‘မင်းက ငါတို့ရဲ့ လူပဲ။ တခြား ဘယ်သူမှမရှိပါဘူး။ စိတ်မပူပါနဲ့”

”ဒီညနေခင်းကတော့ ပြင်းထန်ပြီး ခက်ခဲတဲ့အခိုက်အတံ့ပါပဲ။ ဒါပေမယ့် အဲဒါက အံံ့အားသင့်ဖွယ်ကောင်းတဲ့အရာ ထောင်ပေါင်းများစွာကို မွေးဖွားပေးနိုင်ပါလိမ့်မယ်”

“မင်း အရမ်းခက်ခဲပြီး ပြင်းထန်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် ကြိုးစားတဲ့အခါမှာ ပျော်ရွှင်မှုနဲ့ စိတ်ဖိစီးမှုက မီးစတဖက် ရေမှုတ်တဖက်လို ရှိနေမှာပဲ”လို့ ခါဒွန်းအယ်မူဘာရတ်က အားပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က