Facebook Group တွေမှာရောင်းချမှုတွေ ရေပန်းစားနေပါတယ်။

အသုံးမပြုဖြစ်တဲ့ပစ္စည်းအကောင်းများကိုအင်တာနက်ပေါ်ကြော်ငြာတင်ရောင်းချတာတွေရန်ကုန်၊မန္တလေးမြို့ တွေမှာ ဒီနှစ်အတွင်း ပိုမိုခေတ်စားလာခဲ့ပါတယ်။ အထူးသဖြင့် Facebook Group တွေမှာရောင်းချမှုတွေ ရေပန်းစားလာတာပါ။



မိုဘိုင်းဖုန်း၊ မော်တော်ဆိုင်ကယ် ဝယ်ရောင်းလုပ်တဲ့ အသေးစား လုပ်ငန်းတွေလည်း အင်တာနက်အသုံးပြုပြီး ရောင်းဝယ်လာကြတာကိုတွေ့ရပါတယ်။ဒါ့အပြင်နိုင်ငံခြားကနေအော်ဒါတင်ပြီး ပြန်ရောင်းတဲ့ အွန်လိုင်းဈေးရောင်းသူတွေလည်း များပြားလာပါတယ်။ အဲဒီလိုရောင်းချရာမှာ Alibaba လိုအရောင်းအဝယ် website တွေရှိ ပစ္စည်းများမှအစ နာမည်ကြီး ကုန်ပစ္စည်းတွေအထိ မှာယူပေးပြီး ပြန်လည်ရောင်းချပေးနေမှုတွေကိုလည်း ပိုမိုတွေ့လာရပါတယ်။

ဒီလိုနည်းလမ်းနဲ့ရောင်းချမှုတွေ ခေတ်စားလာတာနဲ့အမျှ Facebook အပြင်တခြား အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ မိုဘိုင်းဖုန်းအပလီကေးရှင်းဖြစ်တဲ့ OneKyat လည်းခေတ်စားလာတာကိုတွေ့ရပါတယ်။

“Facebook မှာရောင်းရင် ကိုယ့်ပစ္စည်းနဲ့ပတ်သက်ပြီး ဆက်သွယ်တဲ့သူ ပိုများလာပေါ့လေ။ ဒါပေမယ့် လမ်းကြုံဝင်မေးကြတဲ့သူက ပိုများနေတယ်။ OneKyat ကျတော့ အရောင်းအဝယ်အတွက် သီးသန့် အပလီကေးရှင်းဖြစ်ပြီး တကယ်ဝယ်ချင်၊ ရောင်းချင်သူလောက်ပဲ သူ့ကိုသုံးကြတာဆိုတော့ အရောင်းအဝယ် ပိုဖြစ်တယ်”

လို့ OneKyat အသုံးပြုသူတစ်ဦးက သူ့အတွေ့အကြုံကို မျှဝေထားပါတယ်။

OneKyatကို PlayStoreမှာဒေါင်းလုပ်ပြုလုပ်ထားသူ ၁ သန်းကျော်ရှိပြီး အသုံးပြုသူတွေ သဘောကျနှစ်ခြိုက်မှုရှိကြသည်ကို ရီဗျူးတွေမှာတွေ့ရပါတယ်။

OneKyat မှာပစ္စည်းတွေကို အသုံးပြုသူအချင်းချင်း ရောင်းဝယ်၊ လဲလှယ်မှုှများ ပြုလုပ်နိုင်ပြီး မြန်မာနိုင်ငံမှာ တစ်ခုတည်းသော C2C စားသုံးသူအချင်းချင်း ချိတ်ဆက် ရောင်းဝယ်ရတဲ့ အပလီကေးရှင်းပဲ ဖြစ်ပါတယ်။ ရောင်းသူဝယ်သူတွေဟာ ယင်းအပလီကေးရှင်းကို အစအဆုံးအခမဲ့ အသုံးပြုနိုင်ပါတယ်။ ရောင်းချင်သူက မိမိပစ္စည်းကို အခမဲ့ကြော်ငြာတင်နိုင်ပြီး၊ ဝယ်ယူသူကလည်း ဝန်ဆောင်ခ တစ်စုံတစ်ရာ ပေးစရာမလိုဘဲ အခမဲ့အသုံးပြုနိုင်ပါတယ်။

“အသုံးပြုသူအချင်းချင်း တိုက်ရိုက်ချိတ်ဆက် ရောင်းဝယ်ရတဲ့ အပလီကေးရှင်းဖြစ်တဲ့အတွက် လိမ်လည်မှုတွေကတော့ ရှိနေပါတယ်။ ဥပမာ ပစ္စည်းပို့လိုက်ပေမယ့် ဝယ်သူက ငွေမလွှဲပေးတာမျိုး။ ဝယ်သူက ငွေကြိုပေးလိုက်ပေမယ့် ပစ္စည်းရောက်မလာတာမျိုးတွေပေါ့။ C2C လုပ်ငန်းမျိုး ဖြစ်တဲ့အတွက် အသုံးပြုသူတွေ၊ ရောင်းသူဝယ်သူတွေအနေနဲ့ အပြင်မှာတွေ့ပြီး သေချာစစ်ဆေး ဝယ်ယူဖို့ ကျွန်မတို့အနေနဲ့ အမြဲသတိပေးနေရပါတယ်။”

လို့ OneKyatမှာကြော်ငြာစိစစ်ရေးနှင့် အသုံးပြုသူတွေကိုကူညီပေးမှုဌာနမှ မခင်သူဇာဝင်းကပြောပါတယ်။

ယခုအခါမှာ အသုံးပြုသူအချင်းချင်း အတွေ့အကြုံများ၊ နည်းပညာများမျှဝေနိုင်ရန်အတွက် OneKyat အသုံးပြုသူများတွေ့ဆုံပွဲကို လာမည့်တနင်္ဂနွေနေ့ (၁၉ ရက်၊ မေလ၊ ၂၀၁၉) မှာ စိမ်းလန်းစိုပြေဥယျာဉ်မှာ တွေ့ဆုံကြမှာဖြစ်ပြီး အွန်လိုင်းမှာ ဈေးရောင်းသူ မချိုမာကိုလည်း ဖိတ်ထားကြောင်းသိရသည်။ မချိုမာဟာ Facebook မှာ Live stream လွှင့်ပြီး ရောင်းချရာမှ မြန်မာနိုင်ငံရှိ online shopping လုပ်သူများအကြား လူသိများလာသူဖြစ်ပါတယ်။ယင်းပွဲကို တက်ရောက်လိုတယ်ဆိုရင် OneKyat Facebook စာမျက်နှာမှာ ဖွင့်ထားတဲ့ Event စာမျက်နှာမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး အခမဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်။

OneKyat ဟာTelenor မှပိုင်ဆိုင်တဲ့ ပြည်တွင်း start-up ကုမ္ပဏီတစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ၂နှစ်ခန့်က စတင် ခဲ့တာပဲဖြစ်ပါတယ်။

OneKyat သို့ဆက်သွယ်ရန်: hello@onekyat.com



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က