• အယ်လ်ကလက်စီကိုပွဲအတွက် ထန်နေပြီလားလို့ သတင်းစာရှင်းလင်းပွဲမှာ ဇာဗီအမေးခံရ

ဘာနေဗျူးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။

ဒီကနေ့ည ဘာနေဗျူးကွင်းမှာ ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ ဘာစီလိုနာနည်းပြ ဇာဗီတယောက် ထူးထူးခြားခြား မေးခွန်းမျိုးနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒီပွဲကို တက်ရောက်လာတဲ့ သတင်းထောက်တယောက်က စပိန်ဘာသာစကား Cachondo ကို အသုံးပြုကာ ဒီပွဲနဲ့ပတ်သက်တဲ့ ခံစားချက် ဘယ်လိုရှိလဲဆိုပြီး မေးမြန်းခဲ့တာပါ။

image

ဒီစကားလုံးဟာ စပိန်ဘာသာအရ လိင်စိတ်နိုးကြွခြင်းဖြစ်ပြီး ဇာဗီတယောက် ရီးရဲလ်မက်ဒရစ်နဲ့ပွဲအတွက် သူ့ရဲ့ခံစားချက်က ဒီလိုမျိုးဖြစ်နေလားဆိုပြီး အမေးခံလိုက်ရတာဖြစ်ပါတယ်။ ဒီမေးခွန်းကို ဇာဗီကတော့ “ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကိုပွဲက ကျနော့်ကို လိင်စိတ်ဆန္ဒပြင်းပြစေသလားဆိုတာ ကျနော် မသိပါဘူး။ နောက်ပြီး ခင်ဗျားပြောချင်တာ အဲ့ဒီစကားလုံး ဟုတ်မဟုတ်ကိုလည်း ကျနော် မသိပါဘူး”

image

“ဒါပေမယ့် ကျနော်က ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတာကို သဘောကျပါတယ်။ ပြိုင်ဆိုင်လိုစိတ်ရှိသူတယောက်မို့လို့ပါ။ ဒီလိုပွဲမျိုးတွေ ကစားဖို့အတွက်ဆိုရင် ကျနော်က ဘောလုံးသမားတယောက် ဖြစ်ချင်နေဆဲပါ။ အင်တာမီလန်နဲ့ပွဲတုန်းကလိုမျိုးပေါ့။ ဒီလိုပွဲမျိုးတွေမှာ ခင်ဗျားက မတ်တပ်ရပ်ပြီး နည်းပြနေရပါတယ်”

“အဲ့ဒီလိုမျိုးပွဲတွေကို ကစားရတာက တကယ်ကို အံ့မခန်းပဲဗျ။ ဒါမျိုးက ခင်ဗျားရဲ့ ဦးဆောင်နိုင်စွမ်းကို ပြိုင်ပွဲအတွင်း တိုးမြှင့်နိုင်ဖို့ အခွင့်အရေးကောင်းပါ။ အခုပွဲက ကျနော်တို့အတွက်ရော၊ ရီးရဲလ်မက်ဒရစ်အတွက်ရော အရေးပါ,ပါတယ်။ ဒီတော့ ဘယ်သူ ဇယားထိပ်ဆုံးရောက်မလဲ ကြည့်ကြရအောင်။ ကျနော်တို့ရဲ့ စီမံကိန်းက တည်ဆောက်ဆဲပါ”

“ချန်ပီယံလိဂ်မှာ ကျရှုံးမှုက ကျနော်တို့ကို စိတ်ပျက်စေပါတယ်။ ဒါပေမယ့် ကျနော်တို့က လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီး လာလီဂါမှာ အခြေအနေကောင်းနေပါတယ်။ ဥရောပမှာတော့ မကောင်းပါဘူး။ ဒါပေမယ့် အသင်းရဲ့ စီမံကိန်းက တည်ဆောက်ဆဲကာလဖြစ်ပြီး ဒါကို အခုချိန်မှာ အပျက်စီးမခံနိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီနှစ်သင်းဟာ လက်ရှိ လာလီဂါအမှတ်ပေးဇယားကို ရမှတ်တူနဲ့ ဦးဆောင်ထားကြပြီး အနိုင်ရတဲ့အသင်းက အမှတ်ပေးဇယားဦးဆောင်ခွင့်ကို လွတ်လွတ်ကျွတ်ကျွတ် ရရှိသွားမှာပါ။ 

Share

Loading Next Article...
က္က