ရီးရဲလ်မက်ဒရစ်အတွက် ဆက်တိုက် ဂိုးသွင်းခြေစွမ်းပြနေတဲ့ ဘယ်လင်ဟမ်က ဒီတစ်ပတ် ကစားမယ့် ဘာစီလိုနာနဲ့ အယ်လ်ကလက်စီကိုပွဲမတိုင်ခင် ပြိုင်ဘက်ကို စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီရဲ့ ပထမဆုံး အယ်လ်ကလက်စီကိုပွဲအဖြစ် ဘာစီလိုနာကွင်းမှာ ဒီနေ့ည ရင်ဆိုင်ရမှာပါ။


အဆိုပါ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူက အသင်းအတွက် ပြိုင်ပွဲစုံ (၁၂) ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး (၁၁) ဂိုးနဲ့ ဂိုးဖန်တီးမှု (၃) ကြိမ် ပြုလုပ်ထားခဲ့တာပါ။ ဒီလိုမျိုး ရာသီအဖွင့်လှခဲ့တဲ့အပေါ်မှာလည်း ဘယ်လင်ဟမ်က အခုလိုမျိုးပဲ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ဘယ်လင်ဟမ်က “(၁၁)ဂိုးသွင်းနိုင်ခဲ့တာက ကျွန်တော့်အတွက် အတော်လေး အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် တကယ့် အမှန်တရားကတော့ ကျွန်တော့်အနေနဲ့ အသင်းကို ကူညီနိုင်ခဲ့ပြီး ဒီအတွက်လည်း ပျော်ရွှင်ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။