တောင်ငူမုန့်ဟင်းခါးကို ကောင်းကောင်းချက်တတ်ပါတယ်တဲ့။

တောင်ငူသူလေး စိုးပြည့်သဇင်က တောင်ငူမုန့်ဟင်းခါးကို ကျွမ်းကျွမ်းကျင်ကျင်ချက်တတ်တယ်လို့ဆိုပါတယ်။ သူမဟာ အနုပညာအလုပ်လိုပဲ ဟင်းချက်တာကို ဝါသနာပါလွန်းသူဖြစ်ပါတယ်တဲ့။

Photo: Soe Pyae Thazin



စိုးပြည့်သဇင်ကတော့ သူမရဲ့ ဝါသနာအရ ဟင်းတွေချက်ရတာကို ပျော်မွေ့နေတတ်သူပါ။ အနုပညာအလုပ်မှာလည်း အောင်မြင်တဲ့သူတစ်ယောက်ဖြစ်သလို ဟင်းချက်တဲ့နေရာမှာလည်း ဝါသနာကြီးသူတစ်ယောက်ဖြစ်တယ်လို့ Duwun media ကနေ ဖြေဆိုခဲ့ပါတယ်။

‘’ စိုးပြည့်က တောင်ငူသူလေ။ စိုးပြည့်တို့ တောင်ငူမြို့ရဲ့ အထင်ရှားဆုံး အစားအစာကို မြတ်နိုးတယ်။ အဲဒါကြောင့်မို့လို့ တောင်ငူသူဖြစ်ရင် တောင်ငူမုန့်ဟင်းခါးချက်တတ်ရမယ်။ ဒါကြောင့် မေမေ့ဆီက ရအောင် သင်ထားတာ။ စိုးပြည့်ဝါသနာပါတာက အနုပညာအလုပ်ပြီးရင် ဟင်းချက်တာ’’ လို့သူကဆိုပါတယ်။

Photo: Soe Pyae Thazin

သူမရဲ့ ဟင်းချက်ဝါသနာကိုတော့ မိဘတွေက တားဆီးတာမျိုးမရှိပေမယ့် အားမပေးဘူးလို့ဆိုပါတယ်။ ဒါကလည်း မိဘတွေက စိုးရိမ်တတ်ကြတဲ့အကြောင်း ပြောပြထားပါသေးတယ်။

‘’ အိမ်ကတော့ ဟင်းချက်တာတွေ မကြိုက်ဘူး။ ဆီပူလောင်မယ်၊ အညှော်မိမယ်။ အဲဒီလိုမျိုးတွေပေါ့။ ကိုယ်ကတော့ ခိုးခိုးချက်တာပဲ။ ဘာမှတော့မပြောပါဘူး။ ချက်တော့လည်း စားရတာပဲ အမေတို့က။ တောင်ငူမုန့်ဟင်းခါးတော့ ကောင်းကောင်းချက်တတ်တယ်။ မခက်ပါဘူး’’ လို့ မြကျွန်းသာ လမ်းလျှောက်သင်္ကြန်မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Soe Pyae Thazin

စိုးပြည့်သဇင်က ရိုက်ကူးရေးနားတဲ့အချိန်မှာတော့ ဟင်းချက်နည်းတွေကို လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။ ကြိုက်နှစ်သက်တဲ့ ဟင်းလျာတွေကိုလည်း ကိုယ်တိုင်ချက်တယ်လို့ ဆက်လက်ပြောပြလာပါတယ်။

‘’စိုးပြည့်က ဟင်းချက်တော့ အရမ်းဝါသနာပါတယ်။ Facebook ပေါ်တွေမှာ တွေ့ရင်လည်း မှတ်ထားတယ်။ စားသောက်ဆိုင်သွားပြီဆိုရင်လည်း ကိုယ်တကယ်ကြိုက်တဲ့ အစားအစာကိုလည်း မှတ်ထားတယ်။ အဆင်ပြေတဲ့အချိန် ပြန်ချက်တယ်’’ လို့ ဆိုပါတယ်။

Photo: Soe Pyae Thazin

စိုးပြည့်သဇင်က အခုဆိုရင် ရန်ကုန်တက္ကသိုလ် မြန်မာစာ(အဝေးသင်) နောက်ဆုံးနှစ်စာမေးပွဲ ကိုအောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေသူပါ။ လက်ရှိမှာတော့ ‘’လူးလူးစိန်’’ရုပ်သံဇာတ်လမ်းတွဲလေးကို သရုပ်ဆောင် ကျော်ကျော်၊ သူရထူး တို့နဲ့ ရိုက်ကူးနေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က