• Autopilot ဌာနက Tesla ဝန်ထမ်း ၂၀၀ ခန့် အလုပ်ဖြုတ်ခံရ

ရုံးပါ ပိတ်ထားတယ်လို့ ဆိုပါတယ်

အီလွန်မတ်စ်ရဲ့ Tesla လျှပ်စစ်ကားကုမ္ပဏီဟာ Autopilot ပိုင်း ဝန်ထမ်း ၂၀၀ ခန့် အလုပ်ဖြုတ်ခဲ့ပြီး ကယ်လီဖိုးနီးယားက ရုံးတစ်ရုံးပါ ပိတ်လိုက်ပြီလို့ ဆိုပါတယ်။ 

Bloomberg သတင်းအရ ကုမ္ပဏီဟာ လူလျှော့တဲ့အကြောင်း ဝန်ထမ်းတွေကို အင်္ဂါနေ့က အသိပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ လူလျှော့ခံရတဲ့ ဝန်ထမ်းအတော်များများဟာ ဖောက်သည်တွေဆီကနေ Autopilot အချက်အလက်တွေ အမျိုးအစားခွဲခြား ဆန်းစစ်တဲ့ Annotation Specialists တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

image



ဝန်ထမ်းလျှော့ချခြင်းနဲ့အတူ Tesla ဟာ ကုမ္ပဏီရဲ့ San Mateo ရုံးကိုလည်း ပိတ်လိုက်ပြီး ကျန်နေတဲ့ ဝန်ထမ်း ၃၅၀ ပါ အဖွဲ့ကို အနီးအနားက တခြားရုံးတစ်ရုံးဆီ ရွှေ့ပြောင်းစေခဲ့တယ်လို့လည်း Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီအနေနဲ့ ဝန်ထမ်းအင်အား လျှော့ချသွားမယ့်အကြောင်းကို ဇွန်လဆန်းပိုင်းကတည်းက သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

ဝန်ထမ်းတွေကို ပေးပို့တဲ့ ကုမ္ပဏီ CEO အီလွန်မတ်စ်ရဲ့ အီးမေးလ်ထဲမှာ ကုမ္ပဏီအနေနဲ့ နောက် ၃ လကျော်အတွင်း လခစားဝန်ထမ်းအင်အားရဲ့ ၁၀% ကို အလုပ်ဖြုတ်သွားမယ်လို့ ပြောထားပါတယ်။ စီးပွားရေးအနာဂါတ်နဲ့ ပတ်သက်ပြီး Tesla CEO အနေနဲ့ "အလွန်ဆိုးရွားတဲ့ ခံစားချက်"တစ်ခု ရှိတာကြောင့် ဝန်ထမ်းအင်အား လျှော့ချလိုက်တာလို့ Reuters သတင်းမှာ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ ကျင်းပသွားတဲ့ ကာတာစီးပွားရေးဖိုရမ်မှာ အီလွန်မတ်စ်က သူ့အနေနဲ့ ကုမ္ပဏီဝန်ထမ်းအင်အားစုစုပေါင်းရဲ့ ၃.၅% အထိ လူလျှော့ချင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ 

Tesla ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိ ကမ္ဘာတလွှားမှာ လူပေါင်း ၁ သိန်းခန့်ကို အလုပ်ခန့်အပ်ထားတယ်လို့ ငွေကြေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရဲ့ ဖိုင်ထဲမှာ ဖော်ပြထားပါတယ်။ ဝန်ထမ်းတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ အခုလို လူလျှော့တာဟာ ဥပဒေချိုးဖောက်ရာရောက်တယ်ဆိုပြီး နီဗားဒါးပြည်နယ်က Tesla ဝန်ထမ်းဟောင်းနှစ်ဦးက ကုမ္ပဏီကို တရားစွဲထားပါတယ်။ 



WARN Act အရဆို ကုမ္ပဏီတွေဟာ ဝန်ထမ်း ၅၀ နဲ့အထက် လူလျှော့တော့မယ်ဆိုရင် ရက် ၆၀ ကြိုပြီး ဝန်ထမ်းတွေကို အသိပေးဖို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။ မတ်စ်ကတော့ ဒီတရားစွဲဆိုမှုကို အသေးအဖွဲကိစ္စလို့ ပြောထားပါတယ်။ Tesla ကုမ္ပဏီဘက်ကတော့ လူလျှော့လိုက်တဲ့ ကိစ္စတွေအတွက် မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က