မန်ချက်စတာယူနိုက်တက်နဲ့သရေကျခဲ့တဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တဲ့ ဇာခါရဲ့ စွမ်းဆောင်မှုကို ဝေဖန်နေကြာတာလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ယူနိုက်တက်ကိုရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ်တာ ဝန် ယူခဲ့တဲ့ ကွင်းလယ်ကစားသမားဇာခါရဲ့ ပွဲအတွင်းစွမ်းဆောင်မှုများကို ပရိသတ်အများစုကဝေဖန်ခဲ့ကြ ပြီး အသင်းခေါင်းဆောင်ရာထူးနဲ့မထိုက်တန်တဲ့ သရဲဘောကြောင်သူအဖြစ် ဆိုးရွားစွာမှတ်ချက်ပြုခံနေ ရတယ်လို့ dailymail ကဖော်ပြလာပါတယ်။
ဇာခါဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်တောင်ပံကစားသမားတော်မီနေးလ်ရဲ့ကန်သွ င်း ချက်ကို ဖျက်ထုတ်ကာကွယ်နိုင်တဲ့ အခွင့်အရေးရရှိခဲ့ပေမယ့် ဆုံးဖြတ်ချက်မှားယွင်းခဲ့ပြီးတုံ့ဆိုင်း ခဲ့ တဲ့အတွက် အာဆင်နယ်ပရိသတ်အများစုက အခုလိုလူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် ပြင်း ပြင်းထန်ထန်ဝေဖန်နေခဲ့တာပါ။
“ သရဲဘောကြောင်တဲ့အလုပ်၊ အသင်းခေါင်းဆောင်ရာထူးနဲ့မထိုက်တန်တဲ့သူ”၊ “ နည်းပြအနေနဲ့ ဇာ ခါကို သီးသန့်ဆွေးနွေးသင့်ပြီ ”၊ “ ကသိကအောင့်ဖြစ်စရာ၊ လက်သင့်မခံနိုင်တဲ့ဟာသဆန်ဆန်တွေ” အစသဖြင့် အာဆင်နယ်ပရိသတ်က ဇာခါအပေါ် ဝေဖန်ရေးသားဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။
ပရိသတ်တွေနည်းတူ SkySports ရုပ်သံတင်ဆင်သူ လီဗာပူးနောက်တန်းကစားသမားဟောင်းကာရေ ဂါကိုယ်တိုင်ကလည်း ဇာခါရဲ့ တဒင်္ဂတုံ့ပြန်မှုအပေါ် ဝေဖန်ခဲ့ပြီး အသင်းခေါင်းဆောင်တစ်ယော က်အေ နနဲ့ ဘယ်လိုလုပ်လိုက်သလဲလို့တောင် ရုပ်သံကနေတဆင့် မေးခွန်းထုတ်သွားခဲ့ပါတယ်။
ဝေဖန်မှုတွေရှိနေပေမယ့်လည်း အာဆင်နယ်နည်းပြယူနိုင်းအမ်ရီကတော့ အသင်းသားတွေအပေါ်ကာ ကွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပြီးအသင်းအနေနဲ့ဒုတိယပိုင်းပွဲချိန်အတွင်း အကောင်းဆုံးစွမ်းဆောင်သွား နိုင်ခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။