လီဗာပူးကြယ်ပွင့်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ဟာ ၂၀၀၅ ခုနှစ်မှာ ရီးရဲမက်ဒရစ်အသင်းကနေ အန်းဖီးကို ပြန်သွားလို့မရတော့ဘူးလို့ သိလိုက်ရတဲ့အချိန်မှာ အသည်းနှလုံးကို ဓားမြှောင်စိုက်ခံလိုက်ရသလို ခံစားခဲ့ရတယ်လို့ ၎င်းရဲ့ကိုယ်ရေးအထုပ္ပတ္တိစာအုပ်ဖြစ်တဲ့ Reboot: My Life, My Time စာအုပ်ထဲမှာ ဖော်ပြခဲ့ကြောင်း Sportskeeda ရဲ့သတင်းအရ သိရပါတယ်။
ပရီးမီးယားလိဂ်ခေတ်သစ်မှာ လီဗာပူးအသင်းရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ မိုက်ကယ်အိုဝင်ဟာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၂၉၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ စုစုပေါင်း ၁၅၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။
မိုက်ကယ်အိုဝင်ဟာ လီဗာပူးအသင်းနဲ့အတူ လိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ အက်ဖ်အေကွန်မြူနတီဒိုင်း ၁ ကြိမ်၊ UEFA ဖလား ၁ ကြိမ်၊ UEFA စူပါဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပါတယ်။
မိုက်ကယ်အိုဝင်ဟာ ၁၉၉၈ ခုနှစ်မှာ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိခဲ့သူဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ ဘလွန်းဒီအော်ဆုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် မိုက်ကယ်အိုဝင်ဟာ ၂၀၀၄ ခုနှစ်မှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး တစ်ရာသီသာ ကစားပေးပြီးနောက် ၂၀၀၅ ခုနှစ်မှာ နယူးကာဆယ်အသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မိုက်ကယ်အိုဝင်ဟာ နယူးကာဆယ်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး လေးရာသီအတွင်း ၇၉ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ မိုက်ကယ်အိုဝင်က ၎င်းရဲ့ကစားသမားဘဝ နောက်ဆုံးရာသီကို စတုတ်စီးတီးအသင်းမှာ ကုန်ဆုံးခဲ့ပါတယ်။
“၂၀၀၅-၂၀၀၆ ဘောလုံးရာသီအစ မက်ဒရစ်မှာရှိနေခဲ့တဲ့အချိန် ပွဲအတွက် ပြင်ဆင်နေတုန်းမှာ ရီးရဲမက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ်က တစ်နေ့မှာ ကျွန်တော့်ဟိုတယ်အခန်းတံခါးကို လာခေါက်ခဲ့ပါတယ်”
“နယူးကာဆယ်က ကျွန်တော့်ကို ပေါင် ၁၆ သန်းဝန်းကျင်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သူ ပြောပါတယ်။ တကယ်လို့ မင်း သွားချင်တယ်ဆိုရင် သွားနိုင်တယ်လို့ ပြောပါတယ်။ မင်း ဆက်နေချင်တယ်ဆိုရင်တော့ နေနိုင်တယ်တဲ့။ အကြောင်းအရင်းတွေများစွာအတွက် မက်ဒရစ်မှာ ကျွန်တော် နေထိုင်ဖို့က အလားအလာရှိတဲ့ရွေးချယ်မှုမဖြစ်ခဲ့ပါဘူး။ ကျွန်တော် အရမ်းကို အထီးကျန်ဆန်ခဲ့ပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အဝေးကြီးမှာ နေရတာကို ဘယ်လိုနည်းနဲ့မှ ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး”
“ဒါပေမယ့် ကျွန်တော် လီဗာပူးကို ပြန်သွားချင်တယ်”
“လီဗာပူးအသင်းက ကျွန်တော့်စိတ်ထဲမှာ နေရာယူထားတယ်ဆိုတာကို ဝန်မခံဘူးဆိုရင် ကျွန်တော် အဲဒီနေရာမှာ မရိုးသားရာရောက်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ရီးရဲအသင်းဖော်တွေ ဆုဖလားနဲ့ တစ်ဦးချင်းအဆင့်မှာ ဆုတံဆိပ်တွေရရှိနေတာကို ကျွန်တော် စိတ်ပျော်ရွှင်သလောက် ကျွန်တော် စိတ်ပျက်ရုံတင်မဟုတ်ဘဲ မနာလိုပါဖြစ်ခဲ့ပါတယ်”
“ဒီလိုပြောတာ မကောင်းဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အဲဒီလိုပဲ ခံစားခဲ့ရတာပဲ။ ကျွန်တော် ထွက်ခွာပြီးနောက် သူတို့တွေ(ရီးရဲမက်ဒရစ်) ဆုဖလားတွေ ၅ နှစ်လောက်အထိ ရရှိခဲ့လား။ အဲဒါက အရာတစ်ခုခု ဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် နောက်ရာသီမှာရော ရရှိမှာလား။ အဲဒီဆုဖလားက ရယူဖို့ ခက်ခဲခဲ့ပါတယ်”
“ရီးရဲမက်ဒရစ်က နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို သဘောတူခဲ့မယ်ဆိုရင် ဒါက(လီဗာပူးကိုပြန်သွားဖို့) မဖြစ်နိုင်တော့ပါဘူး”
“အဲဒီအချိန်မှာ ထုတ်ပြန်ကြေညာချက်က ကျွန်တော့်အသည်းနှလုံးကို ဓားမြှောင်နဲ့စိုက်လိုက်သလိုပဲ။ ကျွန်တော့်မှာ ရွေးချယ်စရာ ၂ ခုရှိတယ်။ ဒါပေမယ့် ၂ ခုစလုံးက ကျွန်တော် ဖြစ်ချင်တဲ့ဟာမဟုတ်ဘူး”
“ပြန်တွေးကြည့်ရင် မက်ဒရစ်ရဲ့အခြေအနေက ကျွန်တော် ထင်ခဲ့တဲ့အတိုင်း လုံးဝကို နားလည်နိုင်စရာပါ။ ဘောလုံးက စီးပွားရေးဖြစ်သွားခဲ့ပါပြီ။ ဒါပေမယ့် ဘောလုံးဆိုတာ ကန်ဖို့ဆိုပြီး အမြဲတမ်းစဉ်းစားနေတဲ့ နုံအတဲ့ဘောလုံးသမားအတွက် ရွေးချယ်စရာမရှိခဲ့တဲ့ ကျွန်တော့်ရဲ့ အဖြစ်အပျက်က ဥပမာပဲ”လို့ ဖော်ပြထားပါတယ်။
Share