• အဝင်းနဲ့အတူ ရုပ်ရှင်ရိုက်မယ့် နေခြည်ဦး

ဇာတ်ကားပုံစံလေးကိုလည်း အခုလို ပြောပြလာပါတယ်။

နေခြည်ဦးကတော့ မိုရီဆာကီဝင်းနဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ရှိတယ်လို့ ပြောပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူမက အရမ်းကြိုးစားရတဲ့ ကောင်မလေး တစ်ယောက်ပါတဲ့။



image

နေခြည်ဦးက နောက်ထပ် ရုပ်ရှင်ဇာတ်ကားသစ်ကြီးရိုက်ကူးတော့မယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကား ကိုတော့ မိုရီဆာကီဝင်းနဲ့ အတူတူရိုက်ကူးရမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ နေခြည်အခုကြားတာကတော့ မိုရီဆာကီဝင်းလို့ ကြားပါတယ်။ ဒါပေမယ့် နေခြည်တို့ Actor တွေ အကုန်လုံးတော့ အစည်းအဝေး မထိုင်ရသေးပါဘူး။ ဒီဇာတ်ကားထဲမှာတော့ နေခြည်က လက်လက်ထလို့ မရဘူး။ အရမ်းကြိုးစားတဲ့ကောင်မလေး တစ်ယောက်၊ ပြီးတော့ ကိစ္စတစ်ခုခုကို အာရုံစူးစိုက်မယ့် သူဆိုတော့ နှစ်ယောက်သား လက်လက်ထလို့ မရလောက်ဘူး’’ လို့ ဇူလိုင် ၂ ရက်နေ့က Media 7 နဲ့ စာချုပ် ချုပ်ဆိုပွဲမှာ ဖြေဆိုခဲ့တာပါ။



Photo: Nay Chi Oo

အဲဒီနောက်အတူတွဲသရုပ်ဆောင်ရမယ့် မိုရီဆာကီဝင်းအပေါ် သူမရဲ့ အမြင်လေးကိုလည်း နေခြည်ဦးက အခုလို ပြောပြခဲ့ပြန်ပါတယ်။

‘’သူက ပရိသတ်ကို အရမ်းချစ်တယ်။ ဒါကလည်း ပရိသတ်ကို ကြည့်တဲ့ မျက်လုံးတွေက အရမ်း သိသာတယ်ပေါ့နော်။ အပြင်မှာလည်း မတွေ့ဖူးပါဘူး။ သူ့ကို TV မှာပဲ မြင်ရတာပါ။ TV ကနေ တဆင့် ကြည့်နေတဲ့သူကို သူ့ရဲ့ မျက်လုံးတွေက အရမ်းကို ကြင်နာတယ်လို့ မြင်ပါတယ်’’ လို့ ဆိုပါတယ်။



Photo: RBV

ဒီဇာတ်ကားလေးကလည်း မိသားစု အကြောင်းကို ပေါ်လွင်အောင် သရုပ်ဆောင်ရမယ့် ဇာတ်ကားတစ်ကားဖြစ်တယ်လို့ နေခြည်ဦးက ပြောပါတယ်။

‘’မိသားစုဝင်တွေရဲ့ ကာရိုက်တာပေါ်လွင်အောင်လို့လည်း ရိုက်ထားတယ်။ ပြီးတော့ ရိုက်မယ့် ဒါရိုက်တာကလည်း ပွင့် ဆိုတော့ ပွင့်နဲ့ကတော့ ကိုနေတိုးနဲ့ရိုက်တဲ့ အခမ်းနားဆုံးမေတ္တာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကတည်းက ဆုံဖူးတာပါ။ ရိုက်မယ့် ပုံစံလေးကလည်း သူ့ဘဝရဲ့ အခက်အခဲတွေကို ရိုက်မယ့် ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်’’ လို့ သူကပြောပါတယ်။



Photo: Amazing Grace

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။

သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။

Share

Duwun on Youtube
>
Loading Next Article...
က္က