• သာယာတာလား ချစ်တာလား မသဲကွဲသေးတဲ့အချစ်ရေးကိုပြောလာတဲ့ ညီညီမောင်

သေချာပြီဆိုရင် ပရိသတ်ကိုပြောပြမှာပါ။
image
 

ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ သုသု(ခ) ညီညီမောင်(စမ်းချောင်း) ကတော့ သူ့ရဲ့ အချစ်ရေးကို Duwun Mediaရဲ့ သီးသန့့် အင်တာဗျူး မှာ ပြောပြလိုက်ပါပြီ။ သူ့ကို စိတ်ဝင်စားနေတဲ့ ကောင်လေးကတော့ သုသုကို ချစ်ခွင့်ပန်ထားပြီတဲ့။ သုသု ကိုယ်တိုင်ကလည်း ချစ်တာလား၊ သာယာတာလား ကွဲပြားတဲ့ အချိန်ကျင် ပရိသတ်တွေကို ချပြသွားမယ်ဆိုပြီးတော့ လည်း ပြောပြခဲ့ပါတယ်။

'' သူ့ဘက်ကတော့ ပရိုပို့စ်လုပ်ပါတယ်။ ကိုယ့်ဘက်ကတော့ သူငယ်ချင်းလိုဘဲ နေဖို့ဆုံးဖြတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ သုသုလည်း မသေချာဘဲနဲ့ မချပြချင်တော့ဘူး။ ပြီးတော့ ကိုယ်လည်း တကယ်ချစ်မချစ် ကိုယ့်ကိုယ်ကို မသိသေးဘူး။ သာယာတာလား ချစ်တာလားဆိုတာ ကွဲပြားသွားတဲ့ တစ်နေ့တော့ ပရိသတ်တွေကို ချပြမှာပေါ့နော်'' လို့ သူကဆိုပါတယ်။

image

Photo: Nyi Nyi Maung Fb

 

လတ်တလောအချိန်မှာတော့ သုသုရဲ့ မျက်နှာမှာ အပြုံးတွေ ဝေနေပါတယ်။ ကိုယ်လိုချင်တဲ့ ပုံစံမျိုးကိုလည်း တစ်ဖက်လူက ပေးထားပေမယ့်

သူ့ရဲ့ အချစ်ကို မယုံရဲသေးဘူးဆိုပြီးတော့ ဇွန်လ ၂၀ရက်နေ့က Junction မှာရှိတဲ့ Ocen Balls မှာ သူ့ရဲ့ ပရိသတ်တွေနဲ့ ပထမဆုံး တွေ့ဆုံပွဲမှာ ပြောပြခဲ့တာပါ။

'' လောလောဆယ်ကတော့ သူငယ်ချင်းလိုဘဲနေတယ်။ သူ့ကိုလည်းပြောထားတယ် နားလည်ပေးတယ်။ ကိုယ့်အပေါ် ချစ်တာလား ဘာလားဆိုတာလည်း မသဲကွဲသေးဘူး။ အခုချိန်မှာ သူပေးနေတာတွေကတော့ ကိုယ်လိုချင်တဲ့ ပုံစံဘဲ ဒါပေမယ့် မယုံရဲသေးဘူး။ ဒါပါပဲ။ ကိုယ့် မျက်နှာကလည်း ဒီရက်ပိုင်းမှာ အမြဲတမ်း ပြုံးနေတာပါပဲ။ ဒီ့ထက်တော့ မပြောတတ်တော့ဘူး'' လို့ ဆိုပါတယ်။

Photo: Nyi Nyi Maung Fb

ဇွန်လ ၁၈ ရက်နေ့က ညီညီမောင်(စမ်းချောင်း)ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဘဝမမေ့ဘူး ဆိုတဲ့ စာသားလေးနဲ့အတူ အရင်က ပုံလေးတွေနဲ့ အခု ပုံလေးတွေကို တွဲတင်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း သုသုက အခုလိုပြောပြလာပါတယ်။

'' ဘဝမမေ့ဘူးဆိုတာကလည်း ကိုယ့်ပုံတွေကို သူကစုထားတာလေ အများကြီးဘဲ။ သူကလည်း ကိုယ့်ကိုအရင်တစ်ယောက်နဲ့ ကြိုက်ကတည်းက ကိုယ့်ပုံတွေ သူသိမ်းထားတာအများကြီးဘဲ။ သူ့အခန်းထဲမှာလည်း ကပ်ထားတယ် ဆိုတော့ ကိုယ့်သဘောနဲ့ကိုယ် တင်လိုက်တာပါ။ သူ့ကိုလည်း လောလောဆယ်တော့ လေ့လာတုန်းပါ'' ဆိုပြီးတော့ သူကပြောပါတယ်။

ကြာဇံကြော်ဘူး ၁၀၀၀ လှူဒါန်းသွားမယ့် သုဝဏ္ဏသျှံ ဖောင်ဒေးရှင်း 

 

သုသုဟာ တစ်ချိန်က အချစ်ရေးတွေအားလုံးကို မေ့သွားပြီတဲ့။ လောလောဆယ်မှာတော့ ပြုံးနေတဲ့ သူ့ရဲ့ မျက်နှာလေးကို ကြည့်ရင် သိကြမှာ ပါလို့ ဆိုပါတယ်။ သုသု အနေနဲ့ အချစ်ရေးမှာ ကိုယ်လိုချင်တဲ့ အချက်တွေရှိမယ့် လူဆိုရင်တော့ စဉ်းစားမယ်လို့ ပြောပါတယ်။

'' အရင်ကဟာတွေ အကုန်လုံးက အတိတ်မေ့သွားပြီ။ မသိတော့ဘူး။ လောလောဆယ်တော့ မျက်နှာကိုကြည့်ရင် သိမှာပေါ့။ လောလောဆယ် သုသုရဲ့ အချစ်ရေးကို အမှောင်ချထားမယ်။ ကိုယ့်အပေါ် အနွံတာခံမယ်၊ ကိုယ့်အပေါ်တကယ်ချစ်မယ်၊ ကိုယ့်အပေါ်တကယ်ကောင်းမယ် ဆိုရင်တော့ သုသု စဉ်းစားမှာပါ။ ဘာကြောင့်လဲဆိုတေ့ာ ကိုယ်လည်း တစ်ယောက်တည်း မနေချင်ဘူး၊ လူဆိုတာ တစ်ယောက်တည်းနေတဲ့ အမျိုးအစားလည်းမဟုတ်ဘူး၊ အသင်းအဖွဲ့၊ အုပ်စုလေးနဲ့နေတာဆိုတော့ ကိုယ့်အပေါ်တကယ်ကောင်းမယ် ဆိုရင်တော့ စဉ်းစားရမှာပေါ့'' ဆိုပြီးတော့ ဖွင့်ဟ ပြောပြခဲ့ပါတယ်။

ညီညီမောင်(စမ်းချောင်း) ဟာ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ချစ်စရာကောင်းတဲ့ ဗီဒီယို လေးတွေ၊ အလှဓာတ်ပုံလေးတွေ တင်တတ်တဲ့ သူ့ကိုတော့ ပရိသတ်တွေက ချစ်ခင်အားပေးကြပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ အချစ်ရေးကို လည်း စိတ်ဝင်တစားရှိကြပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က