• ဘာစီလိုနာပရိသတ်တွေကို ပညာမတတ်တဲ့သူတွေလို့ပြောပြီး မပျော်ရင်ဂေါ့ဖ်သွားရိုက်နေမယ်ဆိုတဲ့ ကိုးမန်း

သူ့ကားကိုရန်ပြုခဲ့တဲ့ပရိသတ်တွေကို ဝေဖန်ပြီး အသင်းမှာဆက်ရှိနေဦးမယ်လို့ ကိုးမန်းကဆိုခဲ့တာပါ။

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းဟာ ရီးရဲယ်မက်ဒရစ်ကို အိမ်ကွင်း နူးကမ့်မှာရှုံးနိမ့်ခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲအပြီးမှာ ဘာစီလိုနာပရိသတ်တွေရဲ့ ရည်ရွယ်တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ အဲ့ဒီပွဲမှာ ရီးရဲယ်မက်ဒရစ်က အလာဘာ၊ ဗက်ဇ်ကေးတို့ ဂိုးသွင်းယူခဲ့ပြီး ဘာစီလိုနာအတွက် အဂွေရိုက ဂိုးသွင်းယူခဲ့တာပါ။

image

ပွဲအပြီး နူးကမ့်ကွင်းထဲက ထွက်လာတဲ့ ရော်နယ်ကိုးမန်းရဲ့ကားကို ဘာစီလိုနာပရိသတ်တွေက ဝိုင်းဝန်းပိတ်ဆို့ လှောင်ပြောင်ခဲ့ကြပြီး ပရိသတ်အချို့ကတော့ သူ့ကားကို ရိုက်ပုတ်ကန်ကျောက်မှုတွေရှိခဲ့ပါတယ်။ ဒီလိုအပြုအမူမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပေါ် ရော်နယ်ကိုးမန်းက “ဒီအတွက် ဖြေရှင်းစရာ နည်းလမ်းရှိမယ်မထင်ပါဘူး။ ဒါက ကျွန်တော့်အတွက် လူမှုရေးပြဿနာတစ်ခုလိုပါပဲ။ သူတို့ဆီမှာ ပညာရေးပြဿနာရှိနေပါတယ်”

image

“စံချိန်၊ စံနှုန်းတွေ၊ တန်ဖိုးတွေကို သူတို့မသိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ လက်ရှိဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရပြီး ရော်နယ်ကိုးမန်းကို နည်းပြအဖြစ်က နှုတ်ထွက်ဖို့အတွက်လည်း ပရိသတ်တွေက ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ရော်နယ်ကိုးမန်းကတော့ ဘာစီလိုနာမှာ ပျော်ရွှင်နေတဲ့အကြောင်း အခုလိုပြောကြားခဲ့ပါတယ်။

ရော်နယ်ကိုးမန်းက “တကယ်လို့ ကျွန်တော်မပျော်တဲ့နေ့ရောက်လာရင် အသင်းကထွက်သွားပြီး ဂေါ့ဖ်သွားရိုက်နေမှာပါ။ အဲ့ဒါကလည်း အံ့အားသင့်စရာကောင်းတဲ့ အားကစားနည်းပါ။ တစ်ပတ်ကို (၅) ရက် ဂေါ့ဖ်သွားရိုက်နေမှာပေါ့။ ဒါပေမယ့် အခုတော့ ကျွန်တော့်လမ်းကြောင်းအတိုင်း ဆက်လျှောက်ဖို့ ဆန္ဒရှိနေဆဲပါ”

“ကစားသမားတွေနဲ့ အတူတူရှိနေရတာကို ပျော်တယ်။ ပွဲတွေကို သုံးသပ်မယ်၊ အနိုင်ရမယ့် ခံစားချက်တွေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပါမယ်။ အယ်လ်ကလက်စီကိုပွဲက ခံစားချက်၊ အနေအထားကိုကြိုက်ပါတယ်။ ရလဒ်ပိုင်းတော့ မဟုတ်ပါဘူး။ ဒါတွေ ဘယ်လိုအလုပ်ဖြစ်နေလဲ ကျွန်တော်သိပါတယ်။ အရာအားလုံးက ရလဒ်အပေါ်မှာပဲ မူတည်တာပါ”

“ဒါပေမယ့် ကျွန်တော်ကတော့ ပျော်အောင် နေချင်တုန်းပါပဲ။ ဒီမှာ (၈) နှစ်ကြာရင်ကြာမယ်၊ ဒါမှမဟုတ် (၁) နှစ်၊ ဒါမှမဟုတ် (၃) လလောက် ကြာရင်ကြာမှာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ ချန်ပီယံလိဂ် (၃) ပွဲ ကစားပြီးချိန်မှာ (၁) ပွဲသာနိုင်ထားပြီး လာလီဂါမှာလည်း ရမှတ် (၁၅) မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (၉) နေရာကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က