• ဘက်ခမ်းကို နမူနာယူပြီး ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့တဲ့အကြောင်း ဟယ်ရီကိန်းဖွင့်ဟ

ကစားသမားတိုင်းရဲ့ အိပ်မက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ စပါးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဟယ်ရီကိန်းက အသင်းပြောင်းဖြစ်ခဲ့ပုံနဲ့ ပတ်သက်လို့ ဖွင့်ဟခဲ့ပါတယ်။ သူ့အတွက် ဘိုင်ယန်မြူးနစ်တို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) ပေးချေခဲ့ရပါတယ်။

image

ဘိုင်ယန်မြူးနစ်ဟာ ဟယ်ရီကိန်းကို ပြီးခဲ့တဲ့နွေရာသီကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး လက်ရှိနွေရာသီ တစ်လျှောက်မှာလည်း ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ကြိုးစားခဲ့ပါတယ်။ အခုချိန်မှာတော့ ဟယ်ရီကိန်းက ဂျာမနီမြေကို ရောက်ရှိနေပြီး အသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိပါတယ်။

image

ဟယ်ရီကိန်းဟာ ကစားပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါနှစ်ပွဲလုံးမှာ ဂိုးသွင်းနိုင်ခဲ့ပြီး သူ့ရဲ့သွင်းဂိုးကလည်း (၃) ဂိုးအထိ ရှိလာခဲ့ပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ကြီးက “ကျွန်တော့်ရဲ့ အပြောင်းအရွှေ့က အင်္ဂလန်လူငယ်ကစားသမားတွေအတွက် ကြီးမားတဲ့ အတုယူစရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“ဘက်ခမ်း ယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တာ ကျွန်တော် မှတ်မိပါတယ်။ ကျွန်တော်က အဲ့ဒီအချိန်မှာ ကလေးပဲရှိသေးပြီး တကယ်ကို ကောင်းမွန်တဲ့ အတွေ့အကြုံပဲလို့ အံ့အားသင့်ခဲ့ရဖူးပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ လေးယောက်မြောက် ရင်သွေးလေးကို ပိုင်ဆိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အတွက် လိဂ်ပွဲ (၂) ပွဲကစား၊ သွင်းဂိုး (၃) ဂိုး သွင်းယူပေးထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်းတစ်ယောက် ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံဆု ဆွတ်ခူးနိုင်မယ်လို့လည်း ထင်ကြေးတွေ ပေးထားကြပါတယ်။ 

Share

Loading Next Article...
က္က