ဘေးမဲ့ဂေဟာကိုပို့တာပါ။

လမ်းဘေးခွေးတွေ ရှင်းလင်းတဲ့ လုပ်ငန်းကို ဒီနေ့ မေလ ၂၉ ရက်နေ့ကစပြီး ဗဟန်းမြို့နယ် ဆရာစံ မြောက်အရှေ့ရပ်ကွက်မှာ စတင်နေပြီလို့ သိရပါတယ်။

Photo - Win Bo/FB

ဒီနေ့ နံနက် ၇ နာရီကစပြီး ပိုင်ရှင်မဲ့လမ်းပေါ်ရှိခွေးတွေကို ဖောင်ကြီး၊ မင်းကုန်း၊ မရမ်းချောင်၊ သရက်နီကျေးရွာတွေမှာရှိတဲ့ သဘာဝ ဓမ္မတရားရိပ်သာရဲ့ ဘေးမဲ့ဂေဟာကို ပို့ဆောင်တဲ့လုပ်ငန်းနဲ့ မွေးလိုတဲ့သူရှိတယ်ဆိုရင် တရားဝင်မွေးနိုင်အောင်မှတ်ပုံတင်လုပ်ပေးနေတယ်လို့ ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောပါတယ်။



Photo - Win Bo/FB

ဒီခွေးရှင်းလင်းရေးလုပ်ငန်းကို စည်ပင်ထွေအုပ်နဲ့ ရပ်ကွက်နေပြည်သူတွေ ရဲတပ်ဖွဲ့ဝင်တွေအပြင် ခွေးချစ်သူအဖွဲ့တွေကလည်း လာရောက်ပူးပေါင်းပြီးကူညီပေးခဲ့တယ်လို့ ဦးဝင်းဗိုလ်က သူ့ရဲ့လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားပါတယ်။

လုပ်ငန်းတွေလုပ်နေတဲ့နေရာကို ဒုတိယမြို့တော်ဝန်ဦးစိုးလွင်လည်း လာရာက်ခဲ့ပြီး သယ်ဆောင်သွားတဲ့ ခွေးများတွေကို လမ်းမှာအထူးသတိပြု ခေါ်ဆောင်သွားဖို့ ပြောဆိုခဲ့ပြီး ခွေးချစ်သူတွေနဲ့လည်း ရင်းရင်းနှီးနှီးစကားတွေပြောခဲ့တယ်လို့ ဆိုပါတယ်။

Photo - Win Bo/FB

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ကျောက်တံတားမြို့နယ်မှာ ခွေးရှင်းလင်းရေးလုပ်တဲ့အခါမှာ ခွေးချစ်သူတွေက ခွေးတွေကို ဝင်ရောက်လုယက်တာတွေလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လေလွင့်ခွေးပေါင်း ၄ သန်းနီးပါးရှိပြီး ရန်ကုန်မြို့မှာတော့ ၁ သိန်းခွဲ ခန့်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က တစ်နိုင်ငံလုံးမှာ ခွေးကိုက်ခံရမှုပေါင်း တစ်သိန်းကိုးသောင်းကျော် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ခွေးကိုက်ခံရမှုအများဆုံးနဲ့ ခွေးရူးရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

Share

Loading Next Article...
က္က