• Featured

    Bitcoin နဲ့ ငွေရှင်းတာလက်ခံဖို့ စဉ်းစားနေတယ်လို့ Uber CEO ပြော

Bitcoin ဝယ်ဖို့တော့ စိတ်ကူးမရှိဘူးလို့ ဆိုပါ

App သုံး အငှားယာဉ်ဝန်ဆောင်မှုတွေ လုပ်နေတဲ့ Uber ဟာ ‌Bitcoin လို Cryptocurrency နဲ့ ငွေချေတာကို လက်ခံဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ 

Uber အမှုဆောင်အရာရှိချုပ် ဒါရာ ခေါ့စရော့ရှဟီက Tesla လိုမျိုး Bitcoin ဝယ်ဖို့ စိတ်ကူးမရှိဘူးလို့ ပြောကြားခဲ့ပြီး ဖောက်သည်တွေက Cryptocurrency နဲ့ ငွေရှင်းတာကိုတော့ လက်ခံဖို့ စဉ်းစားနေတယ်ဆိုပြီး CNBC ကို ပြောခဲ့တာ ဖြစ်ပါတယ်။ Uber ဟာ အငှားယာဉ်ဝန်ဆောင်မှုအပြင် အစားအသောက် ပို့ဆောင်‌ရေးလုပ်ငန်းပါ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးဖြစ်ပါတယ်။ 

image


Photo: pymnts

"ဒေသတွင်းငွေကြေးပုံစံအားလုံးကို ကျွန်တော်တို့ လက်ခံတဲ့အတိုင်း Bitcoin လို Cryptocurrency မျိုးကို ငွေကြေးအနေနဲ့ လက်ခံဖို့ ကြည့်နေပါတယ်။"လို့ Uber အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ "ဒါက လုပ်ငန်းအတွက်လည်း ကောင်းသလို စီးနင်းလိုက်ပါတဲ့ ခရီးသည်တွေ ၊ စားသုံးသူတွေအတွက်လည်း ကောင်းပါတယ်။ ဒီတော့ ဒီငွေပေးချေမှုကို သေချာပေါက် စဉ်းစားသွားမှာပါ။"

Tesla လျှပ်စစ်ကားကုမ္ပဏီအနေနဲ့ Bitcoin ဒေါ်လာ ၁.၅ ဘီလျံဖိုး ဝယ်ထားကြောင်းနဲ့ ကုမ္ပဏီထုတ်ကုန်တွေအတွက် Digital Coin တွေနဲ့ ငွေချေတာတွေ လက်ခံတော့မယ်ဆိုတဲ့ ကြေညာချက် ထွက်လာပြီးနောက် Uber အမှုဆောင်အရာရှိချုပ်က အခုလို ပြောလိုက်တာပါ။ Bitcoin ဝယ်လိုက်တဲ့အကြောင်းကို ၂၀၂၁ ဖေဖော်ဝါရီလဆန်းပိုင်းက Tesla ရဲ့ ငွေချေးသက်သေခံလက်မှတ် SEC ဖိုင်တစ်ခုမှာ ကြေညာခဲ့တာပါ။ 

Tesla ကုမ္ပဏီအနေနဲ့ ဒေါ်လာ ၁.၅ ဘီလျံဖိုး Bitcoin ဝယ်စဉ်က Bitcoin တစ်ခုရဲ့ တန်ဖိုးဟာ ဒေါ်လာ ၃၆၀၀၀ ခန့် ပေါက်မယ်လို့ ယူဆရပါတယ်။ အခုချိန်မှာ 1BTC ဟာ ဒေါ်လာ ၆ သောင်းခွဲကျော် ပေါက်ဈေးရှိပါတယ်။ တခြား ကုမ္ပဏီလုပ်ငန်းစုကြီးတွေကလည်း Bitcoin ဝယ်ဖို့ လုပ်နေကြပြီး ဒီထဲမှာ PepsiCo ကုမ္ပဏီဘဏ္ဍာရေးအရာရှိချုပ် ဟုဂျ် ဂျွန်စတန်ကလည်း Bitcoin ကို ငွေသားနဲ့ ဝယ်ဖို့ ဆွေးနွေးနေတဲ့အကြောင်း ပြောထားပါတယ်။ 

Share

Loading Next Article...
က္က