• ဗီယက်နမ်ဖုန်းကုမ္ပဏီမှ VSmart တံဆိပ် ပထမဆုံး 5G ဖုန်း ထုတ်လုပ်

Vsmart Aris 5G ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်း ဖြစ်လာမှာပါ

Vingroup ရဲ့ စမတ်ဖုန်းစီးပွားရေးလုပ်ငန်းဖြစ်တဲ့ VinSmart ဟာ Vsmart အမှတ်တံဆိပ် ပထမဆုံး 5G ဖုန်းကို ထုတ်လုပ်လိုက်ပြီလို့ ဆိုပါတယ်။

Vingroup ဟာ အမေရိကန် chipmaker ကြီးဖြစ်တဲ့ Qualcomm နဲ့ ပူးပေါင်းပြီး ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းကို ထုတ်လုပ်လိုက်တာ ဖြစ်တယ်လို့ US News သတင်းက ဖော်ပြထားပါတယ်။ VinSmart ထုတ် Vsmart Aris 5G ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းဖြစ်ပြီး ၆.၃၉ လက်မ Super AMOLED display နဲ့ လာပါတယ်။

image

Photo: USNews

Qualcomm ရဲ့ Snapdragon 765G Processor သုံးထားပြီး Quantum Security Chip တစ်ခုလည်း ထည့်သွင်းထားတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ RAM 8GB အထိ သုံးထားပြီး 4000mAh ဘက်ထရီလည်း ပါဝင်မှာပါ။ တစ်ခြားအချက်အလက်တွေမသိရသေးသလို မိတ်ဆက်မယ့်ရက် နဲ့ ဈေးနှုန်းတွေလည်း ကြေညာခြင်း မရှိသေးပါဘူး။ 

ဗီယက်နမ်ဖုန်းကုမ္ပဏီ Vingroup ဟာ ၂၀၁၈ နှစ်ကုန်ပိုင်းကစပြီး Vsmart တံဆိပ်စမတ်ဖုန်းတွေ စပြီး ထုတ်လုပ်လာတာပါ။ ဗီယက်နမ်ရဲ့ ပထမဆုံး ဘီလျံနာဖြစ်သူ ဖန်နတ်ဗောင်တည်ထောင်ခဲ့တဲ့ VinSmart ဟာ VSmart ဖုန်းတွေကို ဗီယက်နမ်မြောက်ပိုင်း ဟိုင်ဖုန်းမြို့စက်ရုံမှာ စတင်ထုတ်လုပ်ခဲ့ပြီး ဒုတိယမြောက်စက်ရုံအဖြစ် မြို့တော်ဟနွိုင်းမှာ Hoa Lac Hi-Tech Park မှာ ထုတ်လုပ်နေတာပါ။

Photo: Vietnam Insider

စမတ်ဖုန်းကုမ္ပဏီသက်တမ်း ၂ နှစ်မပြည့်သေးခင်မှာ VinSmart ဟာ ဗီယက်နမ်စမတ်ဖုန်းဈေးကွက်မှာ တတိယအကြီးဆုံး ဖုန်းအမှတ်တံဆိပ်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၀ ပထမ ၃ လပတ်အတွင်း VinSmart ဟာ ဗီယက်နမ်မှာ ဈေးကွက်ဝေစု ၁၆.၇% ရခဲ့ပြီး Samsung နဲ့ OPPO ပြီးရင် အင်အားအကြီးဆုံး ဖြစ်လာခဲ့တာပါ။

VinSmart ဟာ တန်ဖိုးနည်း စမတ်ဖုန်းဈေးကွက်ကို ဦးစားပေးထိုးဖောက်နေတာ ဖြစ်ပြီး လက်ရှိအချိန်အထိ Vsmart တံဆိပ်စမတ်ဖုန်း ၁၂ မျိုး ထုတ်ထားပါတယ်။ ဒီဖုန်းတွေဟာလည်း ဗီယက်နမ်ဒေါင် ၅ သန်း (မြန်မာငွေ ၃သိန်းဝန်းကျင်) အောက် ဈေးနဲ့ပဲ ထွက်ထားတာ ဖြစ်ပါတယ်။ Vingroup ဟာ လက်ရှိမှာ Vsmart စမတ်ဖုန်းတွေအပြင် စမတ်တီဗွီတွေပါ ထုတ်လုပ်ထားပါတယ်။

Share

Loading Next Article...
က္က