ဇန်နဝါရီလက ပေါင် ၇၅ သန်းနဲ့ ဆောက်သမ်တန်အသင်းကနေရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဈေးအကြီးဆုံး နောက်ခံလူ တစ်ဦးလည်း ဖြစ်ပါတယ်။
Photo - Daily Express
လီဗာပူးအသင်းရဲ့ ဂန္တဝင် နောက်ခံလူ တစ်ဦးဖြစ်တဲ့ ကာရေဂါက လက်ရှိ လီဗာပူးအသင်း နောက်တန်းကို အကောင်းဆုံး ဦးဆောင်နေတဲ့ ဗန် ဒိုက်အနေနဲ့ တစ်ချိန်မှာ အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။
အခါးသီးဆုံး ပြိုင်ဘက်အသင်းရဲ့ ဂျာစီကို ကိုယ်စီဝတ်ဆင်ခဲ့ရတဲ့ နဗီးလ် နဲ့ ကာရေဂါ
ဗန်ဒိုက်ရဲ့ လီဗာပူး အသင်းအနေနဲ့ ယခုနှစ် ပရီးမီးယားလိဂ်မှာ ၂ ပွဲ ကစားပြီးချိန်မှာ ပေးဂိုး လုံး၀ မရှိသေးတဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပါတယ်။
Photo - ScoreScan
ဒါကြောင့် အကောင်းဆုံး နောက်တန်းမှာ အကောင်းဆုံး ဦးဆောင်ပေးနေတဲ့ ဗန်ဒိုက်ကို ကာရေဂါက ချီးကျူးပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
မနက်က ပဲလေ့စ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာတော့ -" ပေးဂိုးမရှိ ရလဒ်နဲ့ အနိုင်ရဖို့ဆိုတာ ဘယ်လောက် ခက်ခဲမလဲဆို အားလုံး သိပါ တယ်။" လို့ ဗန်ဒိုကက ဆိုခဲ့တာ ဖြစ်ပါတယ်။
Photo - PressFrom
ဗန်ဒိုက်ကို လီဗာပူးအသင်းက ဆောက်သမ်တန်အသင်းထံကနေ ပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်တုန်းက ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ခေါ်ယူ ထားတာ ဖြစ်ပြီး မနှစ်က ရာသီမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
" ဗန်ဒိုက်က ကျွန်တာ် မှန်းထားတာထက်ကို ပိုကောင်းပါတယ်။ကျွန်တော်တို့ အမြဲပြောလေ့ရှိတာက လီဗာပူးရဲ့ ခံစစ်ကြောင့် ပရီးမီးယားလိဂ် ဖလား မရနိုင်ဘူးလို့ ပြောလေ့ရှိပါတယ်။ဒါပေမယ့်အခုတော့ လီဗာပူးမှာ ဗန်ဒိုက်ရှိနေပါပြီ။သေချာပါတယ်ဗန်ဒိုက်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဗဟိုခံစစ်မှူးပါပဲ။" ကာရေဂါက ညွှန်းဆိုခဲ့ပါတယ်။
Photo - Twitter
ဆက်လက်ပြီး လွန်ခဲ့တဲ့ ၄ နှစ်လောက်က အကောင်းဆုံးခြေစွမ်းတွေနဲ့ မန်စီးတီးအသင်းကို စွမ်းဆောင် ဦးဆောင်ပေးခဲ့တဲ့ ကွန်ပနီနဲ့လည်း ဗန် ဒိုက်ကို ခိုင်းနှိုင်းချီးကျူးခဲ့ပြန်ပါတယ်။
" လာမယ့် ၃ နှစ်နဲ့ ၄ နှစ်အတွင်း လီဗာပူး ပရီးမီးယားလိဂ် (သို့)ချန်ပီယံလိဂ် ရခဲ့မယ်ဆိုရင် ဗန်ဒိုက်က အသင်းရဲ့ မှတ်ကျောက်တင်ခြင်း ခံရသင့် ပါတယ်။ဒီအသင်းကိုလည်း သမိုင်းတစ်လျှောက် မှတ်တမ်းတင်သင့်ပါတယ်။ဗန်ဒိုက်လို ဘောလုံးအထိန်းအသိမ်း၊အပေးအပို့၊အစစအရာရာ ကောင်းမွန်တဲ့ နောက်တန်းတစ်ယောက်ကို ပိုင်ဆိုင်ထားတာ အားရှိစရာပါပဲ။သူက အသင်းရဲ့ ဂန္တဝင် ဖြစ်လာမှာပါ။" လို့ ကာရေဂါက ပြောဆို ခဲ့ပါတယ်။
လီဗာပူးအသင်းကတော့ လက်ရှိမှာ နှစ်ပွဲကစား နှစ်ပွဲနိုင် ရဂိုး ၆ ဂိုး ပေးဂိုး လုံးဝမရှိပဲ ရမှတ် ၆ မှတ်ရရှိကာ ပရီးမီးယားလိဂ် အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
Share