• ဗန်ဒိုက်ကို ပွဲချိန်ပြည့်လှောင်ပြောင်ခဲ့တဲ့ အင်္ဂလန်ပရိသတ်တွေ ဝေဖန်ခံနေရ

အင်္ဂလန်အသင်းကို အားပေးဖို့ထက် ဗန်ဒိုက်နဲ့ ဝစ်ဂျ်နယ်ဒန်ကို လှောင်ပြောင်ဖို့ အဓိကထားခဲ့ကြတာပါ။

ယမန်နေ့ညက အင်္ဂလန်အသင်းနဲ့ နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဗန်ဒိုက် ဘောလုံးထိတိုင်း လှောင်ပြောင်အော်ဟစ်ခဲ့တဲ့ အင်္ဂလန်ပရိသတ်တွေရဲ့လုပ်ရပ်ဟာ အရှက်ရဖွယ်ဖြစ်တယ်လို့ အင်္ဂလန်ဂန္တဝင်ကစားသမား လိုင်နီကာက ပြစ်တင်ရှုတ်ချခဲ့ကြောင်း Sportbible ရဲ့သတင်းအရ သိရပါတယ်။

image

အင်္ဂလန်အသင်းနဲ့ နယ်သာလန်အသင်းတို့ဟာ ဒုတိယပိုင်း ပြီးဆုံးချိန်အထိ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်နေတာကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ အင်္ဂလန်နောက်ခံကစားသမားတွေဟာ အချိန်ပိုမှာ အမှားများစွာ ပြုလုပ်ခဲ့တာကြောင့် နယ်သာလန်အသင်းရဲ့ ဦးဆောင်ဂိုးတွေ ခွင့်ပြုခဲ့ရပြီး ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ အင်္ဂလန်အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေကို အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး အင်္ဂလန်ပရိသတ်တွေဟာ ဗန်ဒိုက်ကို ပွဲစဉ်တလျှောက်လုံး ပစ်မှတ်ထားပြီး လှောင်ပြောင်ခဲ့ကြပါတယ်။

Times Sport ရဲ့အားကစားကလောင်ရှင် ဟင်နရီဝင်းတားက အင်္ဂလန်ပရိသတ်တွေရဲ့ အငြှိုးတကြီးလှောင်ပြောင်ခြင်းခံခဲ့ရတဲ့ ဗန်ဒိုက်နဲ့ပတ်သက်ပြီး ၎င်းရဲ့ခံစားချက်ကို တွစ်တာမှာ ရေးသားခဲ့ပါတယ်။

“PFA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမား၊ လီဗာပူးအသင်းရဲ့ကစားသမား၊ ဥရောပချန်ပီယံ၊ စံပြုစရာပုဂ္ဂိုလ်၊ ကွင်းတွင်းရော ကွင်းပြင်မှာပါ အဆင့်အတန်းရှိတဲ့အပြုအမူ ပြုမူတတ်တဲ့ကစားသမား၊ ကြက်ခြေနီအဖွဲ့ကို ထောက်ပံ့နေတဲ့ကစားသမား၊ ကင်ဆာဝေဒနာခံစားနေရတဲ့ ကလေးအယောက် ၁၂၀ အတွက် အန်းဖီးလ်မှာ ပြုလုပ်ခဲ့တဲ့ ခရစ်စမတ်ပါတီအတွက် ကုန်ကျစရိတ်အားလုံးလှူဒါန်းခဲ့တဲ့ ကစားသမားဟာ အင်္ဂလန်ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်”လို့ ရေးသားခဲ့ပါတယ်။

အင်္ဂလန်နဲ့ နယ်သာလန်အသင်းတို့ရဲ့ပွဲစဉ်ကို အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး ဂယ်ရီလိုင်နီကာက ဟင်နရီဝင်းတားရဲ့ တွစ်တာက ပို့စ်ကို ပြန်လည်မျှဝေပြီး အရှက်ရဖွယ်လုပ်ရပ်လို့ ခေါင်းစဉ်တပ်ခဲ့တာကို မြင်တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က