ဘဏ်ပိတ်ချိန်မှာ လူတစ်ယောက်က ဓားကိုင်ဆောင်ပြီး ဝင်လုယက်ခဲ့တာပါ။

ဒီနေ့ မေလ ၂၄ ရက် မွန်းလွဲ ၃ နာရီခန့်က ဗန်းမော်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲအတွင်းကို ဓားတစ်ချောင်းကိုင်ဆောင်လာပြီး ငွေလုယက်သူကို  ဒေသခံတွေက ချက်ချင်းဖမ်းဆီးနိုင်ခဲ့တယ်လို့ ဗန်းမော်မြို့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းက Duwun ကို အတည်ပြု ပြောကြားပါတယ်။

Photo- Sue Htet Sue (ကျူးလွန်သူကို ဖမ်းဆီးလာစဉ်)



“ဘဏ်ပိတ်ချိန် ငွေသိမ်းပြီး ငွေတိုက်ပို့တော့မယ့်အချိန်မှာ လူတစ်ယောက် ဓားမြောင်နဲ့ဝင်လာပြီး ၅၀၀၀ တန် အထုပ် နှစ်ထုပ် သိန်း ၁၀၀ ယူသွားတာ။ တစ်ထုပ်က ကောင်တာပေါ်ကျန်ခဲ့တယ်။ ကျန်တဲ့သိန်း ၅၀ တန် အထုပ်ကို ယူပြီး ထွက်ပြေးသွားတယ်။” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းက ဆိုပါတယ်။

ငွေတွေ ယူပြီး ဘဏ်ကနေ ဆိုင်ကယ်မောင်း ထွက်ပြေးသွားခဲ့ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူတွေရဲ့ အကူအညီနဲ့ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ လုယက်သူမှာ ဗန်းမော် စက်လက်နက်ပစ္စည်းထိန်းသိမ်းရေးတပ်မှ တပ်ကြပ်ကြီးစာရေး သက်ပိုင်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့စီးပွားရေးဘဏ်ခွဲမှ ဘဏ်ဝန်ထမ်းတစ်ဦးမှာတော့ ဓါးဒဏ်ရာရရှိသွားပြီး အခြေအနေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိတော့ ကျူးလွန်သူကို သက်သေခံပစ္စည်းတွေနဲ့ ဗန်းမော်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က