ပျော်စရာကြီးနော်။

ခိုင်နှင်းဝေက ဒီနေ့မှာ ဗုဒ္ဓဟူးသားလေးတစ်ယောက် ထပ်ပြီးမွေးစားလိုက်တယ်လို့ သိရပါတယ်။ သူအတွက် နောက်ထပ် အားအင်တစ်ခုလို့ ဆိုပါတယ်။

 

(လက်ရှိအိမ်မှာခေါ်ထားတဲ့ သမီးလေးနဲ့အတူ တွေ့ရတဲ့ ခိုင်နှင်းဝေ) (Photo : ခိုင်နှင်းဝေ)



သရုပ်ဆောင် ခိုင်နှင်းဝေက ဧပြီ(၂၅) ရက်နေ့က မွေးနေ့ ဗုဒ္ဓဟူးသားလေးတစ်ယောက်ကို ထပ်ပြီး မွေးစားလိုက်တယ်လို့ ဆိုပါတယ်။ သားလေးက မွေးတဲ့အချိန်တုန်းက ၈ပေါင်နဲ့ ၁အောင်စ ရှိတယ်လို့ ခိုင်နှင်းဝေက ပြောပါတယ်။

ဗုဒ္ဓဟူးသားးလေးးတဲ့ မနေ့ မနက် ၃:၂၀ မိနစ်က ၈ပေါင်၁အောင်စရှိတဲ့ သားငယ်လေးတစ်ယောက်လူ့လောကထဲရောက်လာခဲ့တယ်... ကျွန်မသမီးလေးက ဗုဒ္ဓဟူးသမီးလေးလေ, သမီးမိန်းကလေးပြီးတော့ ဟော,,,အခုသားယောက်ကျားလေး ဗုဒ္ဓဟူးသား ကျမရင်ခွင်ထဲ ထပ်ရောက်လာပြန်ပါပြီ။ ကျွန်မဆီရောက်လာသမျှကလေးတွေကို အတိတ်ဘဝကံကံရဲ့အကျိုး,ရေစက်,ပဌာန်းဆက်တွေပါတယ်လို့ပဲသတ်မှတ်တယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၂၆) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

(ထပ်ပြီးမွေးစားလိုက်တဲ့ သားလေး) (Photo : ခိုင်နှင်းဝေ)

ကလေးလေးတွေဟာ သူမအတွက် နောက်ထပ် အားအင်တစ်ခုပါပဲလို့ ဆိုပါတယ်။ “ကျွန်မဘဝအတွက် နောက်ထပ် "အားအင်" တစ်ခုပေါ့ အားမငယ်နဲ့သားလေးရေ... မေမေ့ သား/သမီးတွေရဲ့စိတ်ထဲ ဘယ်တော့မှမသိမ်ငယ်စေရဘူး. မိဘမဲ့လို့ အပြောမခံစေရဘူး... ဒါမေမေ ပေးနိုင်တဲ့ မေတ္တာတရားနဲ့ကတိသစ္စာပဲ” ဆိုပြီး သူမက ဆက်လက်ပြောပြထားပါတယ်။

Photo : ခိုင်နှင်းဝေ

လက်ရှိအချိန်ထိ ခိုင်နှင်းဝေ မွေးစားထားတဲ့ ကလေးလေးတွေဟာ (၉)ယောက်တိတိ ရှိလို့နေခဲ့ပါပြီ။ ကလေးလေးတွေကို သဘာဝတရားရိပ်သာ ဘုန်းကြီးကျောင်းတွင် စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။

ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင်ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က