• ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းတိုများ

မာရှယ်က အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရအပြောင်းအရွှေ့ သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

image

Photo : Goal.com

 

- မန်ချက်စတာစီးတိးအသင်းက သူတို့အနေနဲ့ ဘာစီလိုနာ ဂိုးသမား ဆီလက်ဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ အသင်းရဲ့ ဒုတိယဂိုးသမား ဘရာဗို ဒဏ်ရာရရှိခဲ့ပြီးနောက် (၆)လခန့် အနားယူရမယ့်အနေအထားမှာ မန်စီးတီးအသင်းဟာ အတွေ့အကြုံရှိ ဂိုးသမားတစ်ဦး မဖြစ်မနေ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးက ဇန်နဝါရီမတိုင်ခင်ထိ ဂိုးသမားခေါ်ယူသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

image

Photo : Goal.com

- မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အန်သိုနီမာရှယ်ဟာ အိုးထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေပြီး သူ့ရဲ့ အရည်အသွေးတွေကို သက်သေပြသွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ အသက် (၂၂)နှစ်အရွယ် ကစားသမားဟာ မော်ရင်ဟိုနဲ့ အဆင်မပြေမှုတွေ ဖြစ်ပွားနေပြီး ပုံမှန်ကစားခွင့်ရရှိဖို့ ခက်ခဲနေတာကြောင့် အသင်းကထွက်ခွာဖို့ ရေပန်းစားနေပေမယ့် နောက်ဆုံးမှာတော့ အသင်းမှာပဲ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

Photo : Goal.com

 

- ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ကန်တေဟာ လာမယ့်ဘောလုံးရာသီသစ်အထိ ချယ်လ်ဆီးမှာ ဆက်နေသွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ အသက် (၂၇)နှစ် ရှိပြီဖြစ်တဲ့ ကန်တေကို ပီအက်စ်ဂျီ နဲ့ ရီးရဲလ်မက်ဒရစ်တို့က စိတ်ဝင်စားနေကြပြီး ကွင်းလယ်ခံံစစ် ကစားသမားက စတန်းဖို့ဘရစ်ချ်မှာပဲ ဆက်လက်ကစားသွားဖို့ စဉ်းစားပြီးပြီလို့ သိရပါတယ်။

Photo : Goal.com

 

- အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေသေးတဲ့ အာရွန်ရမ်ဆေးကို လုပ်ခလစာ (၂)ဆ တိုးပေးဖို့ အာဆင်နယ်အသင်းက ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ရမ်ဆေးကို အသင်းမှာ ဆက်လက်ရှိနေဖို့ အာဆင်နယ်က မျှော်လင့်နေပြီး စာချုပ်သစ်ချုပ်ဆို နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေက စိတ်ဝင်စားနေတဲ့ ရမ်ဆေးဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

Photo : Barca Blaugranes

 

- ဒေါ့မွန်အသင်းဟာ ဘာစီလိုနာ တိုက်စစ်မှူး အယ်ကာဆာကို ခေါ်ယူဖို့အတွက် နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အသင်းရဲ့ တိုက်စစ်မှူးအဖြစ် အသက် (၁၈)နှစ်အရွယ် အလက်ဇန္ဒားအိုင်ဆတ်ခ် တစ်ဦးတည်းသာ ရှိနေတဲ့ ဒေါ့မွန်အတွက် တိုက်စစ်မှူး တစ်ဦးကို အသည်းအသန်လိုအပ်နေတာဖြစ်ပြီး အယ်ကာဆာကို အရခေါ်ယူဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က