ZTE ရဲ့ စမတ်ဖုန်း brand တစ်ခု ဖြစ်တဲ့ Nubia ရဲ့ Gaming စမတ်ဖုန်း Red Magic 3 ကတော့ မြောက်အမေရိက နဲ့ဥရောပအပါအဝင် ကမ္ဘာ့ဈေးကွက်တစ်ချို့မှာ ရောင်းချသွားတော့မှာပါ။
Nubia Red Magic 3 ဂိမ်းဖုန်းဟာ PC ဂိမ်းထုတ်ကုန်တွေရဲ့ ဒီဇိုင်းကို အခြေပြုထားပြီး ဖုန်းနဲ့ဂိမ်းကစားချိန် အပူလွန်ကဲမှုကို လျှော့ချဖို့ဖုန်းတွင်း ပန်ကာတစ်ခု ပါလာပါတယ်။ ဒီပန်ကာဟာ အရည်အအေးပေး စနစ် Liquid Cooling System နဲ့ပေါင်းပြီး ဖုန်းအပူလွန်မှုကို လျှော့ချပေးသွားမှာပါ။ Red Magic 3 ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မိတ်ဆက်ခဲ့တဲ့ Red Magic Mars ကို အဆင့်မြှင့်တင်ထားတာ ဖြစ်ပြီး Asus ROG Gaming phone လိုမျိုး 90Hz AMOLED display သုံးထားပါတယ်။
Photo: vox
ဖုန်းကျောဘက်ကိုယ်ထည်ဟာ RGB LED မီးလိုင်းတွေနဲ့ဆင်ထားပြီး သုံးစွဲသူအကြိုက် Customize လည်း လုပ်ဆောင်နိုင်မှာပါ။ notch-less display ကိုမှ ပါးလွှာတဲ့ bezel သားတွေ ထည့်ထားပြီး ကိုယ်ထည်ဘေးတစ်ဘက်တစ်ချက်စီမှာ စတီရီယာစပီကာများ ပါဝင်လာပါတယ်။ ဖုန်းကိုယ်ထည်ဟာ capacitive trigger ခလုတ်တွေ ပါပြီး IP55 rating ရေစို / ဖုန်တင်ခံနိုင်မယ်လို့ဆိုပါတယ်။
Nubia Red Magic 3 ဟာ Snapdragon 855 SoC ကိုမှ RAM 12GB/256GB storage ပါရှိတာကြောင့် နောက်ဆုံးပေါ် အလန်းစား processor ရဲ့ performance နဲ့အမြင့်ဆုံး RAM ပမာဏစွမ်းရည်ကို အပြည့်အဝ ခံစားနိုင်မယ့် ဖုန်းလည်း ဖြစ်ပါတယ်။ Gaming ဖုန်းတစ်လုံးရဲ့ အဓိက features ထဲမှာ အအေးခံစနစ်ကလည်း အရေးကြီးပါတယ်။
Red Magic 3 ကတော့ ကြေးဝါ အပူခံပိုက်နဲ့အရည်အအေးပေးစနစ်ဖြစ်တဲ့ ဒုတိယမျိုးဆက် ICE liquid cooling နဲ့internal cooling fan တစ်ခု ပါ သုံးသွားတာပါ။ ဒီ cooling fan ကတော့ တစ်မိနစ်ကို အပတ်ရေ ၁၄၀၀၀ အထိ လည်နိုင်ပြီး သီးသန့်အခန်းငယ်နဲ့လာတာပါ။ ပါဝါသုံးစွဲမှုမှာလည်း ဒီ fan ဟာ ၁ နာရီဆက်တိုက်သုံးချိန်မှာတောင် အားသုံးစွဲမှုက ၁% မရှိဘူးလို့ဆိုပါတယ်။
Photo: CNET
ရှေ့ဘက်မှာ 16MP ဆယ်လ်ဖီကင်မရာ နဲ့ကျောဘက်မှာ Sony IMX586 sensor ပါ 48MP ကင်မရာသုံးသွားပြီး 8K video recording ရတာကလည်း ထူးခြားနေပါတယ်။ နောက်ထပ် ထူးခြားတဲ့အချက်တစ်ခုက 5000mAh ဘက်ထရီအကြီးစားဖြစ်ပြီး Power Deliver စနစ် ပံ့ပိုးထားတဲ့ 27W fast-charging စနစ် နဲ့လာပါတယ်။ Gaming ဖုန်းဖြစ်တာကြောင့် Red Magic Game Space 2.0 စနစ်လိုမျိုး ဂိမ်းကစားမှုကို အကောင်းဆုံး ဖြစ်စေမယ့် လုပ်ဆောင်ချက် ထည့်သွင်းထားပါတယ်။
ဒီဖုန်းကို အမေရိကန် ၊ ကနေဒါ ၊ ယူကေနဲ့ဥရောပဈေးကွက်တွေနဲ့တရုတ် ၊ သြစတြေးလျ ၊ ဟောင်ကောင် ၊ အစ္စရေး ၊ ဂျပန် ၊ စကာၤပူ ၊ အင်ဒိုနီးရှား ၊ ထိုင်ထမ် နဲ့မကာအိုတို့မှာ ဝယ်ယူရရှိနိုင်မှာပါ။ ဈေးနှုန်းအနေနဲ့ RAM 8GB/128GB ကို ၄၇၉ ဒေါ်လာ ( မြန်မာငွေ ၇ သိန်း ၃ သောင်းခန့်) နဲ့RAM 12GB/256GB ကို ၅၉၉ ဒေါ်လာ ( မြန်မာငွေ ၉ သိန်း ၁ သောင်းကျော်) ဈေး သတ်မှတ်ထားပါတယ်။