• Sponsored

    CANAL+ ကို စမတ်ဖုန်းတွေ၊ တက်ဘလက်တွေနဲ့နေရာမရွေးအခမဲ့ကြည့်နိုင်မယ့် myCANAL app

myCANAL ဆိုတဲ့ မိုဘိုင်းလ်အက်ပလလီကေးရှင်းလေးကို Download ဆွဲထားဖို့တော့လိုပါတယ်။

ပရိသတ်တွေအကြိုက် အခပေးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ CANAL+ ကိုသက်တမ်းတိုးထားသူတိုင်း အစီအစဉ်ကောင်းတွေကို တီဗွီရှေ့မှာတင်မဟုတ်ဘဲ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ပါ နေရာမရွေး၊ အချိန်မရွေး အခမဲ့ကြည့်ရှုနိုင်တဲ့အကြောင်း Duwun ပရိသတ်ကြီးအတွက် သတင်းကောင်းပါးချင်ပါတယ်။

အဲဒီလို စမတ်ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ နေရာမရွေး၊ အချိန်မရွေး ကြည့်ရှုနိုင်ဖို့အတွက် myCANAL ဆိုတဲ့ မိုဘိုင်းလ်အက်ပလလီကေးရှင်းလေးကို Download ဆွဲထားဖို့တော့လိုပါတယ်။ Android ဖုန်း၊ Tablet တွေဆိုရင် Google Play Store ကနေ၊ iPhone နဲ့ iPad တွေဆိုရင် App Store တို့ကနေ အလွယ်တကူ Download ရယူနိုင်ပါတယ်။



Download ပြီးလို့ install လုပ်ပြီးသွားတဲ့အခါမှာ log-in ဝင်ဖို့အတွက် user name နဲ့ password ကို CANAL+ သက်တမ်းတိုးတဲ့အချိန်မှာပေးထားတဲ့ ဖုန်းနံပါတ်ကို sms ပေးပို့လာမှာပါ။ အဲဒီလိုပေးပို့လာတဲ့ user name နဲ့ password ကိုအသုံးပြုပြီး log-in ဝင်လိုက်မယ်ဆိုရင် myCANAL app နဲ့ ရုပ်သံ အစီအစဉ်ကောင်းတွေကို နေရာမရွေး၊ အချိန်မရွေးကြည့်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။ account ထဲကို log-in ဝင်ဖို့အတွက် password ကို sms ပေးပို့လာတဲ့အတိုင်း ကိုယ်မှတ်မိလွယ်မယ့် ကိုယ့်စိတ်ကြိုက် password ပြောင်းချင်တယ်ဆိုရင်လည်း အလွယ်တကူပြောင်းလို့ရပါတယ်။

image

myCANAL app မှာဆိုရင် CANAL+ ရဲ့ ရုပ်သံလိုင်း ၉ လိုင်းအပြင် Thrill ၊ Kix ၊ MRTV-4 နဲ့ Channel-7 ရုပ်သံလိုင်းတွေကနေ လက်ရှိပြသနေတဲ့ အစီအစဉ်တွေကို ကြည့်ရှုနိုင်ဦးမှာပါ။

ပရိသတ်တွေအကြိုက်တွေ့မယ့် myCANAL app ရဲ့ အထူးလုပ်ဆောင်ချက်တစ်ခုကတော့ CANAL+ ရုပ်သံလိုင်းတွေက ပြသနေတဲ့ ရုပ်ရှင်၊ဇာတ်လမ်းတွဲနဲ့ အစီအစဉ်တွေကို ကြည့်ရှုရာမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ဇာတ်ဝင်ခန်းကို နောက်ပြန် ပြန်ရစ်ကြည့်လို့ရတဲ့လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာဆိုရင် တီဗွီမှာကြည့်တဲ့အခါ ဘယ်လိုမှမရနိုင်တဲ့ အထူးလုပ်ဆောင်ချက်တစ်ခုပါပဲ။

ဒါ့အပြင် TV-Guide ထဲကိုဝင်ပြီး နှစ်ပတ်အတွင်းပြသထားတဲ့အစီအစဉ်ကောင်းတွေကို ပြန်လည်ကြည့်ရှုခံစားနိုင်မှာ ဖြစ်သလို ရုပ်သံလိုင်းတွေကနေထုတ်လွှင့်မယ့် အစီအစဉ် Schedule တွေကိုလည်း ကြည့်ရှုနိုင်ဦးမှာ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့အစီအစဉ်တွေလာတဲ့အခါမှာ လက်မလွတ်သွားစေဖို့အတွက် alarm ပေးထားလို့ရတဲ့ လုပ်ဆောင်ချက်လည်းပါဝင်ပါသေးတယ်။

wifi နဲ့မဟုတ်ဘဲ မိုဘိုင်းလ်အင်တာနက်နဲ့ကြည့်ရှုတဲ့အခါမှာ အင်တာနက်ဒေတာခတွေအများကြီးမကုန်ချင်ဘူးဆိုရင် low video quality နဲ့ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားတာကိုလည်းတွေ့ရပါတယ်။

myCANAL app အသုံးပြုရာမှာ အဆင်မပြေမှုတစ်ခုခုကြုံတွေ့ရရင်ပဲ ဖြစ်ဖြစ်၊ အသေးစိတ်အချက်အလက်တွေကို ပိုမိုသိရှိလိုရင်ပဲဖြစ်ဖြစ် ဖုန်းနံပါတ် -09969983588 ကိုဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းနိုင်သလို CANAL+ MyanmarFG Facebook Page ကနေတစ်ဆင့်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။

ကဲ.. CANAL+ ရဲ့အစီအစဉ်ကောင်းတွေ၊ ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေကို လက်မလွတ်တမ်း အချိန်မရွေး၊နေရာမရွေး ကြည့်ရှုနိုင်ဖို့ myCANAL app ကိုခုပဲ Download ရယူထားလိုက်တော့နော်။

(ဒီဆောင်းပါးကို CANAL+ MyanmarFG  မှပံ့ပိုးကူညီထားပါတယ်)

Share

Duwun on Youtube
>
Loading Next Article...
က္က