• Charger မပါတဲ့ iPhone ရောင်းချမှု ဘရာဇီးအစိုးရ ပိတ်ပင်

Charger မပါတဲ့ iPhone ရောင်းချမှုနဲ့ ဘရာဇီး ရီးရယ်ငွေ ၁၂.၂၇၅ သန်း (ပေါင် ၂.၀၄ သန်း) ဒဏ်ရိုက်ထားပါတယ်။

iPhone ရောင်းချင်ရင် Charger ထည့်ရောင်းဖို့ ဘရာဇီးအစိုးရက ညွှန်ကြားလိုက်ပါတယ်။ 

ဘရာဇီးနိုင်ငံမှာ ရောင်းချမယ့် iPhone တွေမှာ Power Adapter အားသွင်းခေါင်းမပါရင် ရောင်းချခွင့်ပိတ်ပင်သွားမယ်လို့ ဘရာဇီးတရားရုံးနဲ့ အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဘရာဇီးအစိုးရဟာ Apple ကိုလည်း Charger မပါတဲ့ iPhone ရောင်းချမှုနဲ့ ဘရာဇီး ရီးရယ်ငွေ ၁၂.၂၇၅ သန်း (ပေါင် ၂.၀၄ သန်း) ဒဏ်ရိုက်ထားပါတယ်။ ဘရာဇီးစားသုံးသူရေးရာ အေဂျင်စီ Senacon ကလည်း iPhone သစ်တွေမှာ Charger မထည့်ဖို့ ဆုံးဖြတ်တဲ့ Apple ရဲ့ ဆုံးဖြတ်ချက်ဟာ စားသုံးသူတွေကို မပြည့်စုံတဲ့ ထုတ်ကုန်ရောင်းချပြီး ခွဲခြားမှုလုပ်တယ်လို့လည်း ပြောထားပါတယ်။ 

image


Apple အနေနဲ့ ဘရာဇီးအစိုးရရဲ့ ပိတ်ပင်မှုကို အယူခံဝင်သွားဖို့ ရှိပါတယ်။ ကုမ္ပဏီအနေနဲ့ ဘရာဇီးအစိုးရရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ ပူးပေါင်းသွားမယ်လို့ ပြောကြောင်း Reuters သတင်းက ဖော်ပြပါတယ် အရင်က ဘရာဇီးမှာဖြစ်ခဲ့တဲ့ အမှုတွေမှာ Apple က တရားခွင်နိုင်ထားခဲ့တာတွေ ရှိပါတယ်။ "ဖောက်သည်တွေအနေနဲ့ သူတို့ထုတ်ကုန်တွေနဲ့ ချိတ်ဆက်ဖို့ ၊ အားသွင်းဖို့အတွက် ရွေးစရာအမျိုးမျိုး ရှိမှန်းသိကြမယ်လို့ ယုံကြည်ပါတယ်" လို့ Apple က ပြောပါတယ်။ 

အခုလို USB Power Adapter မပါတဲ့ iPhone ရောင်းချမှု ပိတ်တာ ၊ ဒဏ်ရိုက်တာတွေက စက်တင်ဘာ ၇ ရက် iPhone 14 နဲ့ Apple Watch နာရီသစ်တွေ ကြေညာမယ့်ရက်မတိုင်ခင် တစ်ရက်အလိုက ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ ဘရာဇီးစားသုံးသူ ကာကွယ်ရေးအေဂျင်စီဟာ ပြီးခဲ့တဲ့နှစ်ကလည်း Apple ကို ပေါင် ၂ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ဒဏ်ရိုက်လိုက်တဲ့ အကြောင်းရင်းက iPhone 12 စီးရီးမော်ဒယ်တွေမှာ Charger မပါဘဲ ရောင်းချတာကြောင့် စားသုံးသူဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဒဏ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ 

Apple ဟာ ၂၀၂၀ ထွက် iPhone 12 စီးရီးက စပြီး iPhone ဗူးတွေထဲမှာ နားကြပ်နဲ့ Power Adapters တွေ ထည့်သွင်းမှု ရပ်ဆိုင်းခဲ့တာပါ။ ကာဗွန်ထုတ်လုပ်မှုလျှော့ချနိုင်ရေးဆိုတဲ့ အကြောင်းပြချက်နဲ့ iPhone သစ်တွေအပါအဝင် Apple Watch ဗူးသစ်တွေမှာပါ Power Adapters တွေ ဖယ်ရှားခဲ့ပါတယ်။ Apple ရဲ့ သဘာဝပတ်ဝန်းကျင် ၊ မူဝါဒရေးရာနဲ့ လူမှုဆိုင်ရာ ဒုဥက္ကဌဖြစ်သူ လီဆာ ဂျက်ခ်ဆင်က ကမ္ဘာပေါ်မှာ တရားဝင် Apple Power Adapters ပေါင်း ၂ ဘီလျံကျော် ရောက်ရှိနေပြီလို့ ဆိုပါတယ်။ 



ဒါပေမယ့်လည်း Senacon အဖွဲ့ကတော့ သဘာဝပတ်ဝန်းကျင်တည်တံ့ရေးအတွက် iPhone ဗူးတွေမှာ USB Power Adapters တွေ ဖယ်ရှားလိုက်ရုံနဲ့ မလုံလောက်ဘူးလို့ ပြောပါတယ်။ Charger တွေ ဖယ်ရှားလိုက်လို့လည်း သဘာဝပတ်ဝန်းကျင်အတွက် အကျိုးများတယ်ဆိုတဲ့ သက်သေမရှိသေးဘူးလို့လည်း Senacon အဖွဲ့က ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ သဘာဝပတ်ဝန်းကျင်ပေါ် သက်ရောက်မှု လျှော့ချချင်ရင် USB-C cables နဲ့ Charger တွေ ပြောင်းသုံးပြီး လျှပ်စစ်အမှိုက် e-Waste လျှော့ချတဲ့ နည်းလမ်းကို စဉ်းစားသင့်တယ်လို့လည်း အဖွဲ့က အကြံပြုပါတယ်။ 

ဥရောပသမဂ္ဂ EU ဟာ ဒီနှစ်ထဲမှာ လျှပ်စစ်ထုတ်ကုန်တွေအတွက် ဘုံ USB-C အားသွင်းကြိုးစနစ် သုံးစွဲရေးစီမံကိန်းကို အတည်ပြုလိုက်ပါတယ်။ နောက်နှစ်ကစပြီး ဥရောပမှာ ရောင်းသမျှ စမတ်ဖုန်းတွေဟာ USB-C Port ကို သုံးရတော့မှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က