ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ OPPO မှ Android 10 ကို အခြေခံထားသော ColorOS 7 System ရဲ့ Official Version ကို မြန်မာနိုင်ငံမှာ စတင်အသုံးပြုနိုင်မယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။
ဧပြီလမှ စ၍ OPPO အသုံးပြုသူများထံ ရောက်ရှိလာတဲ့ ColorOS 7 ရဲ့ Official Version ကို ယခုအခါ Reno၊ Find၊ A Series စတဲ့ OPPO စမတ်ဖုန်း (၂၀) ကျော်မှာ Batch အလိုက် အချိန်ဇယားအတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ စတင်မိတ်ဆက်ခဲ့တဲ့ ColorOS 7 ဟာ ကမ္ဘာတစ်ဝန်းရှိ OPPO အသုံးပြုသူတွေရဲ့ ကောင်းမွန်တဲ့ မှတ်ချက်ကောင်းများ ရရှိလျက်ရှိပါတယ်။
အဆင်ပြေ ချောမွေ့ကာ ကြည်နူးပျော်ရွှင်ဖွယ် အတွေ့အကြုံများ ပေးနိုင်သော Android 10 ကို အခြေခံထားတဲ့ Mobile Operating System မှ ဆန်းသစ်လှပတဲ့ ဒီဇိုင်းအသစ်၊ ပိုမိုလျင်မြန်ပြီး ချောမွေ့သော Performance၊ အဆင့်မြှင့်ထားတဲ့ Privacy Protection နှင့်အတူ Soloop၊ Focus Mode၊ လက်ချောင်း သုံးချောင်းနှင့် Screenshot ရိုက်ကူးနိုင်တဲ့ စနစ်စတဲ့ Features အသစ်များလည်း ပါဝင်ပါတယ်။
ယခု ထွက်ရှိလာမှုအပေါ် OPPO ColorOS ရဲ့ Senior Principal Engineer ဖြစ်သူ Mr.Manoj Kumar က “ ColorOS အဖွဲ့က တင်းကြပ်တဲ့ အရည်အသွေးလိုအပ်ချက်တွေကို လိုက်နာဖြည့်ဆည်းခဲ့ပြီး အသုံးပြုသူတွေရဲ့ မှတ်ချက်တွေကို သေချာလေ့လာခဲ့ပါတယ်။ Official Version မထွက်ခင်မှာ ကမ္ဘာအနှံ့ စစ်ဆေးစမ်းသပ်သူ ၉၂,၀၀၀ ၏ သုံးသပ်ချက်နှင့် အတွေ့အကြုံ Bugs များကို စစ်ဆေးပြီးတော့ အစမ်း Version ကနေ ပြန်လည် စစ်ဆေးသုံးသပ်မှုတွေကို ထောင်ပေါင်း များစွာ ပြုလုပ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ColorOS ကိုနိုင်ငံပေါင်း ၁၄၀ မှာသုံးစွဲသူ သန်းပေါင်း ၃၅၀ ကျော်ရှိနေပြီး ဘာသာစကားပေါင်း ၈၀ ကျော်ကို ပံ့ပိုးပေးထားပါတယ်။ ဝန်ထမ်း ၂၅၀ ကျော် ရှိသော အိန္ဒိယနိုင်ငံ၊ ဟိုင်ဒါဘတ်မြို့မှာ ရှိတဲ့ OPPO R&D Center ဟာ ColorOS 7 တီထွင်မှုနဲ့ ထုတ်လုပ်မှုမှာ အရေးပါတဲ့ နေရာမှ ပါဝင်နေပါတယ်။
R&D အဖွဲ့မှ ColorOS 7 အစမ်း Version မှ စမ်းသပ်သူတို့၏ တုံ့ပြန်မှုများကို အလေးထား စဉ်းစားကာ သုံးစွဲသူတို့ လိုအပ်တောင်းဆိုသော အချက်များကို တရားဝင် ထုတ်ဝေမှုမှာ ပါဝင်အောင် ထည့်သွင်းထားပါတယ်။
ရရှိနိုင်မှု အခြေအနေ
ColorOS 7 Official Version ဟာ OPPO Find X၊ Find X SuperVooc Edition၊ Find X Automobili Lamborghini Edition၊ Reno 10X Zoom၊ Reno၊ Reno 2၊ Reno 2F၊ Reno 3၊ Reno 3 Pro၊ R17 Pro၊ F11 Pro၊ နှင့် F11 တို့မှာ ယခု အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ အခြား ဖုန်းများအတွက် ColorOS 7 ၏ Official Version ကို အောက်ပါ အချိန်ဇယားအတိုင်း ရရှိနိုင်မှာပါ။
ဇွန်လတွင် Upgrade ရရှိမည့် ဖုန်းများ
1. F9
2. F9 Pro
3. F7
4. F7 128G
5. A5 2020
6. A9 2020
ဇူလိုင်လတွင် Upgrade ရရှိမည့် ဖုန်းများ
1. F15
ColorOS အကြောင်း
ColorOS ဟာ အသုံးပြုသူများအတွက် အဆင်ပြေစေရန် လွယ်ကူလျင်မြန်ပြီး အဆင့်မြင့်မားသော နည်းပညာများ၊ ဆန်းသစ်သော ဒီဇိုင်းများနှင့် Android ကို အခြေခံထားသော OPPO မှ ထုတ်လုပ်ထားသည့် Mobile OS ဖြစ်ပါတယ်။ ColorOS ကို ကမ္ဘာအနှံ့ သုံးစွဲသူ သန်းပေါင်း ၃၅၀ ကျော် ရှိပြီး အင်္ဂလိပ်၊ စပိန်၊ ဟင်ဒီ၊ အာရေဗျနှင့် ထိုင်းဘာသာစတဲ့ အသုံးပြုနိုင်သော ဘာသာစကားပေါင်း ၈၀ ကျော် ထည့်သွင်းပေးထားပါတယ်။
(ဒီသတင်းကို OPPO Myanmar မှပံ့ပိုးကူညီထားပါတယ်)