COVID-19 ရောဂါ ခြိမ်းခြောက်မှု တုန့်ပြန်ဖို့အတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နဲ့ ကွန်ပျူတာအသင်းများ ပြည်တွင်းပြည်ပမှ ပညာရှင်များ စုပေါင်းပြီး သတင်းအချက်အလက်နည်းပညာကဏ္ဍမှ အင်အားစုများအဖြစ် ဖွဲ့စည်းကာ ပါဝင်ကူညီသွားမယ်လို့ COVID-19 ကာကွယ်ရေးအတွင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရဲ့ နည်းပညာဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများ အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲက ဆိုပါတယ်။
Myanmar COVID-19 Technology Taskforce ဟာ ပြည်တွင်းပြည်ပပညာရှင်များ စွမ်းအားနဲ့ဖွဲ့စည်းဖို့ ဖိတ်ခေါ်ထားပါတယ်။ လက်ရှိမှာ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် ၂၅၀ ကျော် ပူးပေါင်းပါဝင်လာခဲ့ပြီး နောက်ထပ်လည်း Technology Taskforce မှာ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။

Photo: MCF/Facebook
" အွန်လိုင်းကနေ စာရင်းပေးထားတာ လူ ၂၅၀ လောက် ရှိပါပြီ။ ပြီးရင်တော့ Group တွေဖွဲ့ပြီး လုပ်စရာကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်သွားမှာပါ။ " လို့ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ပြောပါတယ်။ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကိုလည်း Online Communication ပလက်ဖောင်းနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ရမယ့်ကိစ္စများကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
Technology Taskforce မှာ အဖွဲ့၁၄ခု ဖွဲ့စည်းထားပြီး ဒီအဖွဲ့တွေကို သက်ဆိုင်ရာနယ်ပယ် ကျွမ်းကျင်သူများ ၊ စိတ်ဝင်စားသူများနဲ့ တာဝန်ရှိသူများနဲ့ ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကတော့ -
(၁) Hackathon Organizer
(၂) Crowdfunding
(၃) Public Relations & Communications
(၄) Administration & Finiance Management
(၅) Medical
(၆) Volunteers Support
(၇) Tracing
(၈) Portal
(၉) Dashboards & MIS
(၁၀) R&D/DIY
(၁၁) Chatbot
(၁၂) Logistics
(၁၃) Telcos & ISP Liaison
(၁၄) Vendors တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
COVID-19 ကာလအတွင်း ပြည်သူများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ ဧပြီ ၁ ရက်နေ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် Facebook အကောင့်ဖွင့်လှစ်လာခြင်းကိုလည်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ကြိုဆိုပါကြောင်း အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။