မိသားစု စီးပွားရေးအဖြစ် ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ညီနန္ဒကတော့ COVID-19 ကာလမှာ မိသားစု စားဝတ်နေရေးအတွက် ထောပတ်ထမင်းရောင်းဖြစ်နေတဲ့ အကြောင်း ပြောပြလာပါတယ်။ 

Photo: Nyi Nanda



သရုပ်ဆောင် ညီနန္ဒကတော့ COVID-19 ကာလမှာ အိမ်စီးပွားရေး တစ်ခုအနေနဲ့ ထောပတ် ထမင်းရောင်းနေတာ တွေ့ရပါတယ်။ အလုပ်တွေ ရပ်သွားတဲ့အချိန်မှာ အခုလို စီးပွားရေး လုပ်ဖြစ်ပုံကိုလည်း Duwun Media ကနေ ပြောပြလာပါတယ်။ 

“ မိသားစု စားဝတ်နေရေးအတွက် ရောင်းတာပါ။ အစ်ကိုတို့လည်း လူလတ်တန်းစားထဲမှာပါ ပါတယ်။ ဇာတ်ကားရိုက်ရင်လည်း ရတဲ့ ဝင်ငွေလေးနဲ့ စုသလို တခြား လုပ်နေတဲ့ အလုပ်လေးလည်း ရှိနေတော့ အခုချိန်မှာ အားလုံး ရပ်သွားပြီဖြစ်တဲ့အတွက် ဘာအလုပ်လုပ်ရမလဲ တွေးနေတယ်။ ပထမကတော့ ပလာတာရိုက်ပြီး ရောင်းမလို့ပဲ ဒါပေမယ့် Covid-19 ရောဂါက ပိုတိုးလာတော့ မလုပ်ဖြစ်ဘူး။ ဒါပေမယ့် အခု ထောပတ်ထမင်းရောင်းတဲ့အချိန်မှာ အစားအသောက်အပေါ် သန့်ရှင်းမှု၊ အရသာကတော့ ယုံကြည်မှုရှိတယ် ပေါ့နော်။ ကိုယ်လုပ်တဲ့ အလုပ်အပေါ် စေတနာထားတာအကောင်းဆုံးပဲ” လို့ ဆိုပါတယ်။ 

Photo: Nyi Nanda

အခုဆိုရင်တော့ ညီနန္ဒရဲ့ ထောပတ်ထမင်းကို ပရိသတ်တော်တော်များများက ကြိုက်ကြတယ်လို့လည်း သူက ပြောပါတယ်။ သူကိုယ်တိုင် Order ကောက်ပြီး ကိုယ်တိုင် လိုက်ပို့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် COVID-19 ကာလ ပြီးတဲ့အချိန်မှာ ထောပတ်ထမင်းရောင်းတာကို စီးပွားရေးတစ်ခုအနေနဲ့ လုပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သူက ဆိုပါတယ်။ 

“ ဒီလကုန်လောက်တော့ ကပ်ဆိုးကြီးကနေ လွတ်မြောက်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကြီး ပြီးသွားရင်တော့ ဒီအလုပ်လေးကို အိမ်ရဲ့ စီးပွားရေးတစ်ခုအနေနဲ့ ဘယ်လို စီစဉ်ရမလဲဆိုတာ တွေးတယ်။ ထောပတ် ထမင်းတစ်ပွဲကို (၃၅၀၀) ကျပ်ပါ။ ဈေးနှုန်း သက်သာတယ်လို့ မပြောချင်ပေမယ့်လည်း သင့်တင့်တဲ့ အနေအထားမှာရှိတယ်။ ပြီးတော့ ထုတ်ပိုးမှုကလည်း အစ်ကိုက ဗူး တစ်ဗူးတည်း သွားတာမဟုတ်ဘူး (၂) ဗူး ထည့်ပေးထားတာပါ။ အစ်ကို့ရဲ့ အစားအသောက်မှာ ပထမအချက် သန့်ရှင်းမှုရှိဖို့၊ ဒုတိယအချက် အရသာကောင်းဖို့၊ တတိယအချက်ကတော့ ဈေးနှုန်းသင့်တင့်ဖို့ ဒီအချက်တွေကိုတော့ အစ်ကို ထိန်းသိမ်းသွားမှာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nyi Nanda

ညီနန္ဒကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကိုလည်း တွေ့ရပါတယ်။ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာချိန်မှာ သူ့ကို လက်တွဲခေါ်ယူခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ကိုလည်း ကျေးဇူးတင်တဲ့အကြောင်းတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က