• COVID-19 ကို နှစ်မိနစ်အတွင်း စစ်ဆေးပေးနိုင်မယ့်နည်းပညာ Huawei တီထွင်

ဖိလစ်ပိုင်နဲ့ အီကွေဒေါ‌ ဆေးရုံတွေမှာ သုံး‌နေတယ်လို့ ဆိုပါတယ်

 Huawei ဟာ မိနစ်အနည်းငယ်အတွင်း COVID-19 စစ်ဆေးနိုင်မယ့် ရောဂါရှာဖွေရေးစနစ် တီထွင်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ နည်းပညာကုမ္ပဏီကြီးတွေဟာ ဆေးဝါးနဲ့ ဆေးပစ္စည်းအသုံးအဆောင်တွေ ထောက်ပံ့လှူဒါန်းပြီး ပါဝင်နေပါတယ်။ Huawei ကတော့ COVID-19 ရှိမရှိကို ၂ မိနစ်အတွင်း စစ်ဆေးပေးနိုင်တဲ့ AI နည်းပညာသုံး ဆေးဘက်ဆိုင်ရာ ပုံရိပ်ခွဲခြားမှုစနစ်ကို တီထွင်ခဲ့တာပါ။

image

Photo: gadgetmatch


ဒီနည်းပညာကို Huawei Cloud ဟာ Huazhong သိပ္ပံနဲ့ နည်းပညာတက္ကသိုလ် ၊ Lanwon နည်းပညာ ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး တီထွင်ခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ဟာ အဆုတ်ကို တိုက်ခိုက်တာ ဖြစ်ပြီး CT San ပုံတွေမှာ ပေါ်ပါတယ်။ Huawei Cloud Server ထဲ ပေးပို့ပြီး အချက်အလက်တွေကို AI နည်းပညာနဲ့ အလိုအလျောက် ခွဲခြမ်း သုံးသပ်မှု လုပ်ပါတယ်။

Huawei ရဲ့ အဆိုအရ Huawei Cloud ဟာ Ascend AI chip သုံးပြီး ဒီလို လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရလာတဲ့ ရလဒ်ကို ဆရာဝန်တွေဆီ နှစ်မိနစ်အတွင်း ပေးပို့တာ ဖြစ်ပြီး တိကျအောင်မြင်မှုနှုန်းက ၉၈% ရှိတယ်လို့ Gizchina သတင်းက ဆိုပါတယ်။



AI နည်းပညာနဲ့ ‌ရောဂါရှာ‌ဖွေနေသူတစ်ဦး(Photo: bioworld)

Huawei ဟာ ဒီနည်းပညာကို သတ်မှတ်ထားတဲ့ ဆေးရုံတွေအတွက် အခမဲ့ဖြန့်ချိနေပြီး ဖိလစ်ပိုင်နဲ့ အီကွေဒေါတို့မှာ ဒီစနစ်ကို အသုံးပြုနေပါတယ်။ ဒီနည်းပညာကို အသုံးပြုဖို့ ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေကလည်း စိတ်ဝင်စားနေတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ Huawei Cloud ဟာ COVID-19 တိုက်ဖျက်ရေးအတွက် AI အခြေပြုသုတေသနပရောဂျက်များ လုပ်ဆောင်ဖို့ နည်းပညာလုပ်ငန်းစုအမျိုးမျိုးနဲ့ လက်တွဲလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

Huawei ရဲ့ COVID-19 စစ်ဆေးမှု နည်းပညာဟာ ဆေးဘက်ဓါတ်မှန်ကျွမ်းကျင်ပညာရှင်များ နည်းပါးတဲ့ နေရာဒေသတွေအတွက် အထောက်အကူပြုနိုင်ပြီး လူပေါင်းများစွာကို မြန်မြန်ဆန်ဆန် ရောဂါစစ်ဆေးပေးနိုင်မယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က