• COVID-19 စမ်းသပ်ချက်တွေ ပို့ဆောင်ဖို့ ဖလော်ရီဒါမှာ မောင်းသူမဲ့ကား အသုံးပြု

အမေရိကန်မှာ ‌မောင်းသူမဲ့ကားနဲ့ ပထမဆုံး COID-19 စမ်းသပ်မှုတွေ ပို့တာပါ

ဖလော်ရီဒါပြည်နယ် ဂျက်ဆန်ဗီးလ်မှာ ရှိတဲ့ ဆေးပညာစင်တာတစ်ခုဟာ COVID-19 စစ်‌ဆေးရလဒ်တွေကို ပို့ဆောင်ဖို့အတွက် မောင်းသူမဲ့ကားတွေ သုံးနေတယ်လို့ ဆိုပါတယ်။

အမေရိကန်မှာ ပထမဆုံးအကြိမ်အဖြစ် မောင်းသူမဲ့ကားတွေနဲ့ ဆေးပစ္စည်းများ ၊ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ချက်များ ပို့ဆောင်တာ ဖြစ်တယ်လို့ Mayo Clinic အဖွဲ့အစည်းက ကြေညာပါတယ်။ စင်တာဝင်းအတွင်း မောင်းသူမဲ့ကားပြေးဆွဲမယ့်အစီအစဉ်ကို ဂျက်ဆန်ဗီးလ် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ JTA နဲ့ မောင်းသူမဲ့ startups ကားကုမ္ပဏီနှစ်ခု ဖြစ်တဲ့ Beep ၊ Navya တို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ Engadget သတင်းက ဖော်ပြထားပါတယ်။



Mayo Clinic စင်တာဝင်းထဲ မောင်းသူမဲ့ကားသုံးတဲ့ အစီအစဉ်ဟာ ဗိုင်းရပ်စ် ထိတွေ့မှု လျှော့ချဖို့နဲ့ လူနာများအား ကျန်းမာရေးဝန်ထမ်းတွေ ပိုအချိန်ပေး ဂရုစိုက်နိုင်စေဖို့ ရည်ရွယ်ပါတယ်။ မတ်လ ၃၀ ရက်နေ့က စပြီး ကနဦးလမ်းကြောင်းအတိုင်း မောင်းသူမဲ့ဘတ်စ်ငယ် ၄ စင်းနဲ့ နေ့တိုင်း ပြေးဆွဲပေးနေတာပါ။ 

"ဂျက်ဆန်ဗီးလ် သယ်ယူပို့ဆောင်ရေးအဖွဲ့အတွက် သမိုင်းဝင်အခိုက်အတန့်ပါပဲ" လို့ JTA ရဲ့ CEO နသန်နီယယ်ဖို့ဒ်က ဆိုပါတယ်။" ကျွန်တော်တို့ မိတ်ဖက်တွေ ဖြစ်တဲ့ Beep ၊ NAVYA နဲ့ Mayo Clinic တို့နဲ့အတူ Ultimate Urban Circulator ပရိုဂရမ်ကနေ သုံးနှစ်ကြာ မောင်းသူမဲ့ကားစမ်းသပ်မှုကနေ လေ့လာချက်တွေကို သုံးပြီး အရှေ့မြောက်ဖလော်ရီဒါက အကြပ်အတည်းကို တုန့်ပြန်ဖို့ နည်းပညာကို သုံးခွင့်ရခဲ့ပါတယ်။ COVID-19 စမ်းသပ်မှုကို ပိုပြီး ဘေးကင်းစေခဲ့ပါတယ်။"

Mayo Clinic ဝင်းအတွင်း သုံးတဲ့ မောင်းသူမဲ့ ကားတွေဟာ လမ်းကြောင်းအတိုင်း အလိုအလျောက် မောင်းနှင်နိုင်ပေမယ့် နောက်မှာတော့ လူယာဉ်မောင်းပါ SUV ကားတစ်စင်းက လိုက်ပါ စောင့်ကြပ်ပေးနေရပါတယ်။ Beep ရဲ့ CEO ဂျိုးမိုယဲကတော့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ လမ်းကူးသူတွေကြောင့် COVID-19 နမူနာစမ်းသပ်ချက်နဲ့ ဆေးပစ္စည်းတွေ ပို့ဆောင်မှု မထိခိုက်စေဖို့ လူပါ ကားတစ်စင်းနဲ့ နောက်က လိုက်စေတာ ဖြစ်တယ်လို့ The Verge ကို ပြောပါတယ်။

မောင်းသူမဲ့ယာဉ်တွေနဲ့ COVID 19 samples တွေကို ဘေးကင်းအောင် ပို့ဆောင်ခြင်းဟာ ဒီယာဉ်တွေကို လိုအပ်ချိန်မှာ လိုအပ်သလို အသုံးပြုနိုင်ကြောင်း နမူနာကောင်း ဖြစ်လာနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က