• Sponsored

    COVID ယူသွားတဲ့ပျော်ရွှင်မှုတွေကို ပြန်အစားထိုးနိုင်မယ့် အကောင်းဆုံးနည်းလမ်း ၃ ခု

စာဖတ်ခြင်းကြောင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေက ဘယ်ခေတ်ဖြစ်ဖြစ်ပြောင်းလဲသွားဖို့မရှိတာကြောင့်ထပ်မံအကြံပြုလိုက်ရတာပါ။

COVID-19 ကပ်ရောဂါဘေးကြီးဟာ တစ်ကမ္ဘာလုံးကို ခြောက်လှန့်ပြီး လူတွေကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အပြင် ထိတ်လန့်မှု၊ စိုးရိမ်မှု၊ စိတ်ဖိစီးမှု စတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုပါပေးလျက်ရှိတာ အားလုံးအသိပါပဲ။

လက်ရှိအချိန်မှာဆိုရင် ကပ်ရောဂါဘေးက မပြီးသေးပေမယ့် လုပ်ငန်းတွေရာနှုန်းပြည့်မဟုတ်တောင် အတိုင်းအတာတစ်ခုထိပြန်လည် လည်ပတ်လာနေပြီဖြစ်လို့ အလုပ်တွေပြန်လုပ်လာရတဲ့အချိန်မှာ စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေက ပိုလို့တောင်တိုးလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်တွေပြန်လုပ်လာရပေမယ့် အရင်လို TGIF တာ၊ သူငယ်ချင်းတွေနဲ့ အပြင်အလည်အပတ်ထွက်တာ၊ ခရီးသွားတာတို့လို စိတ်အပန်းပြေစေမယ့် ကိစ္စတွေကိုတော့ စိတ်လွတ်ကိုယ်လွတ်လုပ်လို့ မရနိုင်သေးလို့ပါ။ ဒါဆိုရင် COVID ယူသွားတဲ့အဲဒီလိုပျော်ရွှင်မှု တွေကို ဘယ်လိုပြန်အစားထိုးပြီး စိတ်ဖိစီးမှုတွေကိုရင်ဆိုင်ကြမလဲ။ ဒီအတွက် အကောင်းဆုံးနည်းလမ်း ၃ ခုကို အကြံပြုပေးချင်ပါတယ်။

image

(၁) စာဖတ်ပါ

ဒါဟာ ဖန်တရာထေအောင်ကြားဖူနေကျ ဓါတ်ပြားဟောင်းစကားကြီး ဖြစ်ရင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လောက်ပဲအပ်ကြောင်းထပ်နေပေမယ့် စာဖတ်ခြင်းကြောင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေက ဘယ်ခေတ်ဖြစ်ဖြစ်ပြောင်းလဲသွားဖို့မရှိတာကြောင့်ထပ်မံအကြံပြုလိုက်ရတာပါ။ အထူးသဖြင့် ခုလိုအချိန်ဟာ ဖတ်မယ်၊ဖတ်မယ် ဆိုပြီးမဖတ်ဖြစ်သေးတဲ့စာအုပ်တွေကိုဖတ်ဖြစ်ဖို့အကောင်းဆုံးအချိန်ပါပဲ။ စာဖတ်ခြင်းဖြင့် ဦးနှောက်ရော၊ နှလုံးသားပါ ခွန်အားတွေရရှိပြီး စိတ်ဖိစီးမှုတွေကို အကောင်းဆုံးကျော်လွှားနိုင်စေမှာပါ။

(၂) မိသားစုကို အချိန်ပေးပါ

အရင်က အလုပ်ရှိတဲ့အချိန် အလုပ်လုပ်နေရပြီး အလုပ်မရှိတဲ့အချိန် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အချိန်ကုန်ဆုံးနေခဲ့သူတွေအနေနဲ့ လက်ရှိအချိန်ဟာ အိမ်မှာနေပြီး မိသားစုကိုအချိန်ပေးဖို့ အကောင်းဆုံး အချိန်ပါပဲ။ မိသားစုနဲ့အတူ ပျော်စရာတွေကိုဖန်တီးရင်း နွေးထွေးတဲ့မေတ္တာဓါတ်နဲ့အတူ စိတ်ပင်ပန်းမှု၊ ဖိစီးမှုတွေကို အနိုင်ယူလိုက်ပါ။

(၃) ရုပ်ရှင်နဲ့ ရုပ်သံအစီအစဉ်ကောင်းတွေ ကြည့်ပါ

ကိုယ်တိုင် ခရီးတွေထွက်ဖို့ အဆင်မပြေသေးပေမယ့် ရုပ်ရှင်ကားကောင်းတွေ၊ ရုပ်သံအစီအစဉ်ကောင်းတွေကနေ တစ်ဆင့် ကမ္ဘာကြီးထဲကို အလည်အပတ်ထွက်လို့ရပါတယ်။ ရုပ်ရှင်ရုံတွေပိတ်ထားပေမဲ့ ဒီခေတ်ထဲမှာ အိမ်ကတီဗွီရှေ့မှာပဲ ထိုင်ရာမထ ရုပ်ရှင်ကားကောင်းတွေအပြင် ရုပ်သံအစီအစဉ်ကောင်းတွေကိုပါ ကြည့်ရှုနိုင်မယ့်နည်းလမ်းတွေအများကြီးပါပဲ။ ဒီလိုကြည့်ဖို့အတွက် ရွေးချယ်စရာတစ်ခုအနေနဲ့ အကြံပေးချင်တာက CANAL+ ရဲ့ စိတ်ကြိုက်ပက်ကေ့ချ် ပါပဲ။

CANAL+ ရဲ့ စိတ်ကြိုက်ပက်ကေ့ချ်ဟာဆိုရင် ၂၄၀၀၀ ကျပ်တစ်ကြိမ်ပေးသွင်းလိုက်ရုံနဲ့ လစဉ်ကြေးထပ်ပေးစရာ မလိုဘဲ အခမဲ့မြန်မာနဲ့ နိုင်ငံခြားရုပ်သံလိုင်း ၅၅ လိုင်းထိ တစ်သက်တာကြည့်ရှုနိုင်မယ့် အစီအစဉ်ဖြစ်တာကြောင့် အခုလိုလက်တို့ပေးလိုက်ရတာပါ။

ဒီပက်ကေ့ချ်ကို ရယူပြီး အခမဲ့မြန်မာနဲ့ နိုင်ငံခြားရုပ်သံလိုင်း ၅၅ လိုင်းအပြင် CANAL+ HAHA နဲ့ CANAL+ MAE MADI တို့အပါအဝင် အခပေးလိုင်း ၆ လိုင်းကိုလည်း ၁ နှစ်စာကြည့်ရှု ခွင့်ရဦးမှာဖြစ်ပါတယ်။

၂၄၀၀၀ ကျပ်တစ်ကြိမ်ပေးသွင်းပြီး လစဉ်ကြေးလုံးဝ(လုံးဝ)ထပ်ပေးစရာ မလိုတဲ့ CANAL+ ရဲ့ စိတ်ကြိုက် ပက်ကေ့ချ်ကို အချိန်အကန့်အသတ်နဲ့ပဲဝယ်ယူနိုင်မယ်လို့ ကြေညာထားတာကြောင့် နီးစပ်ရာအရောင်းဆိုင်နဲ့ ကိုယ်စားလှယ်တွေဆီအမြန်ပြေးပြီး စုံစမ်းဝယ်ယူတပ်ဆိုင်ဖို့တော့ တိုက်တွန်းချင်ပါတယ်။

ကဲ... စာတွေဖတ်ရင်း၊ မိသားစုနဲ့ပျော်စရာအချိန်တွေဖန်တီးရင်း၊ CANAL+ ရဲ့ စိတ်ကြိုက်ပက်ကေ့ချ်နဲ့ ရုပ်ရှင်နဲ့ ရုပ်သံအစီအစဉ်ကောင်းတွေကြည့်ရှုရင်း COVID ကြီးကိုအနိုင်ယူလိုက်ကြရအောင်လား။

(ဒီဆောင်းပါးကို CANAL+ မှပံ့ပိုးကူညီထားပါတယ်)

Share

Duwun on Youtube
>
Loading Next Article...
က္က