အခိုးခံရတဲ့ ပိုင်ရှင်တွေကို အပြည့်အဝ လျော်ပေးမယ်လို့ဆိုပါတယ်။

စင်္ကာပူအခြေစိုက် Cryptocurrency Exchange ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Bitrue ဟာ ဆိုင်ဘာတိုက်ခိုက်ခံရပြီးနောက် ဒေါ်လာ ၄.၂ သန်းဖိုးခန့်အခိုးယူခံခဲ့ရပါတယ်။

         ဇွန်လ ၂၇ ရက်နေ့က Bitrue ထဲမှ ဒေါ်လာ ၄ သန်း တန်ဖိုးရှိတဲ့ Ripple (XRP) coins ပေါင်း ၉.၃ သန်း နဲ့ဒေါ်လာ ၂၃၃၀၀၀ တန် Cardano ADA coin ၂.၅ သန်း အခိုးခံခဲ့ရတယ်လို့Twitter မှာ ကြေညာခဲ့ပါတယ်။ ZDNet မှာ ဖော်ပြချက်အရ ဆိုင်ဘာတိုက်ခိုက်မှု ဖြစ်ပြီးနောက် Bitrue ဟာ သူတို့ရဲ့ ပလက်ဖောင်းပေါ်က crypto အရောင်းအဝယ်ကို ချက်ခြင်း ဖြုတ်ချခဲ့ပြီး ဒီကိစ္စကို စုံစမ်းစဉ်အတွင်း ဝက်ဘ်ဆိုက်ကို ပြုပြင်ထိန်းသိမ်းတဲ့ Maintenance Mode မှာ ထားရှိခဲ့တယ်လို့ဆိုပါတယ်။

Photo: cryptoninjas

         Bitrue ကို တိုက်ခိုက်ခဲ့သူဟာ ကုမ္ပဏီရဲ့ ဘေးအန္တရာယ်ထိန်းချုပ်ရေးအဖွဲ့ရဲ့ နှစ်ဆင့်သုံးသပ်စစ်ဆေးတဲ့ ဖြစ်စဉ်မှာ ပါလာတဲ့ ချို့ယွင်းချက်ကနေ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး Bitrue သုံးစွဲသူ ၉၀ ခန့်ရဲ့ ပိုင်ဆိုင်မှုတွေ ရယူသွားခဲ့တယ်လို့ကုမ္ပဏီရဲ့ Twitter မှာ ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကို Bitrue ဟာ အမြန် သိရှိခဲ့ပြီး လက်ရှိမှာ အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။

         ကုမ္ပဏီဟာ ငွေကြေးဆုံးရှုံးသွားတဲ့ သုံးစွဲသူတွေကို အပြည့်အဝ ပြန်လျော်ပေးသွားမှာ ဖြစ်ပြီး နောက်တစ်ခါ အလားတူ အဖြစ်အပျက်မျိုး မဖြစ်အောင် ကာကွယ်ဖို့လုံခြုံရေးနည်းစနစ်နဲ့မူဝါဒတွေပေါ် သုံးသပ်သွားမယ်လို့ထုတ်ပြန်ပါတယ်။ လက်ရှိအခိုးခံရတဲ့ Cryptocurrency တွေရဲ့ တစ်ဝက်ဟာ private wallet ထဲ လွဲှပြောင်းပြီး ဖြစ်ပေမယ့် ကျန်တဲ့ တစ်ဝက်ကတော့ Huobi ၊ Bittrex ၊ ChangeNOW ၊ Exmo.me နဲ့Coinswitch.co ဆိုတဲ့ crypto exchange ၅ ခုဆီ ပြောင်းရွှေ့ထားတယ်လို့လည်း သိရပါတယ်။

Photo; insidebitcoins

         Huobi ၊ Bittrex နဲ့ChangeNOW တို့မှာ ပြောင်းထားတဲ့ ဒေါ်လာ ၁.၃၅ သန်းတန် coins တွေဟာ offline wallet နဲ့သိမ်းတာ ဖြစ်ပြီး Birtrue ကတော့ ဒီ exchanges တွေဆီက ဒေါ်လာ ၁.၃၅ သန်းကို ပြန်ရယူနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ Cryptocurrency Exchange နယ်ပယ်မှာ အခုလိုမျိုး အခိုးခံရတာဟာ မထူးဆန်းတော့ပါဘူး။

         ပြီးခဲ့တဲ့ မေလထဲမှာပဲ ကမ္ဘာ့အကြီးဆုံး Cryptocurrency Exchange ထဲက တစ်ခု ဖြစ်တဲ့ Binance တိုက်ခိုက်ခံရပြီး ဒေါ်လာ သန်း ၄၀ ဖိုး ဆုံးရှုံးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဂျပန် Bitcoin ကုမ္ပဏီ Zaif Exchange ဆိုင်ဘာတိုက်ခိုက်ခံရပြီးနောက် ယန်း ၇ ဘီလျံ ( ဒေါ်လာ ၆၂ သန်းကျော်) အခိုးခံခဲ့ရပါတယ်။

Share

Loading Next Article...
က္က