မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုက ဒါဘီအသင်းနဲ့ ကစားရမယ့် ကာရာဘောင်းဖလားပြိုင်ပွဲမှာ တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဝုလ်ဗ်နဲ့ သရေကျအပြီးမှာ အသင်းသားတွေအပေါ် ဝေဖန်ခဲ့ပေမယ့် မော်ရင်ဟိုက သူ့ရဲ့ အကောင်းဆုံး အသင်းကိုပဲ ပွဲထုတ်သွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Photo: Moneycontorl
ဖရန့်လမ်းပတ်ရဲ့ ဒါဘီအသင်းနဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်းပွဲဟာ မိနစ် (၉၀)အတွင်း သရေကျခဲ့ရင် ပယ်နယ်တီကန်သွင်းမှုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက အများကြီး စဉ်းစားမထားဘူးလို့ ပြောဆိုခဲ့ပါတယ်။ "ဒီပွဲအတွက် နည်းနည်းပဲ တွေးထားပါတယ်၊ ဖလားပွဲတစ်ပွဲသာဖြစ်ပြီး စည်းမျဉ်းတွေကလည်း ပြောင်းလဲထားပါတယ်" လို့ မော်ရင်ဟိုက ဆိုပါတယ်။
ဆုပေးပွဲမလာခဲ့တဲ့ ရော်နယ်ဒို နဲ့ မက်ဆီတို့ ဝေဖန်ခံနေရပြီ
Photo : Evening Standard
"မိနစ် (၉၀)အတွင်းမှာ အနိုင်ရအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ၊ အသင်းလူစာရင်းကို အတောင့်တင်းဆုံးပုံစံနဲ့ပဲ အသုံးပြုမှာဖြစ်ပြီး အနိုင်ရရှိဖို့ ကြိုးစားသွားမှာပါ" လို့ မော်ရင်ဟိုက ထပ်ပြောခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့ကာလမှာ အသစ်ခေါ်ယူထားတဲ့ ဒါလော့ကို မော်ရင်ဟိုက အသုံးပြုသွားမယ်လို့လည်း အတည်ပြုထားပြီး ဖြစ်ပါတယ်။
Photo : Wolves
ဒါ့အပြင် အန်ဒါဟာရဲရား၊ အက်ရှ်လေယန်း၊ မက်တော်မီနေး၊ ဘိုင်ယီ၊ မာရှယ် နဲ့ ဟွမ်မာတာတို့ကိုလည်း ပွဲထွက်ခွင့်ပေးမယ်လို့ သိရပါတယ်။ အနီကတ်ပြစ်ဒဏ်ကြောင့် တစ်ပွဲပယ်ခံထားရတဲ့ နီမန်ဂျာမာတစ်လည်း ဒီပွဲစဉ်ကို ဝင်ရောက်ကစားခွင့် ရရှိနေပြီ ဖြစ်ပါတယ်။ ဖရန့်လမ်းပတ်ကတော့ ဒါဘီနည်းပြဘဝမှာ မော်ရင်ဟိုနဲ့ ပြန်လည်ဆုံတွေ့နေပြီ ဖြစ်ပါတယ်။
Photo : Euro Sports
"ဒါဘီက ချန်ပီယံရှစ်က အသင်းဆိုပေမယ့် ကစားရခက်တဲ့ အသင်းပါ၊ ဒါကြောင့် ဒီပွဲက ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုတစ်ခုဖြစ်လာမှာပါ၊ အသင်းကောင်းတွေ အများကြီးပါဝင်ပြီး အသင်းတိုင်းက ဆုဖလားရနိုင်တဲ့ အသင်းတွေလည်း ဖြစ်ပါတယ်၊ လမ်းပတ်ရဲ့ အသင်းမှာ အတွေ့အကြံုံရင့် ကစားသမားတွေ ပါဝင်နေပါတယ်၊ သူ့ကစားသမားတွေက ချယ်လ်ဆီး၊ လီဗာပူးလ်တို့လို အကယ်ဒမီကောင်းတွေက ကစားသမားတွေဖြစ်ပါတယ်" လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။