သေသပ်ပြောင်လက်နေတဲ့ ဒီဇိုင်း ၊ အကြီးစားဘက်ထရီပါဝါနဲ့ မြန်မာငွေ ၄ သိန်းကျော်တန် ဘတ်ဂျက် 5G ဖုန်းတစ်မျိုးကို Realme က ကြေညာလိုက်ပါတယ်။
Realme ရဲ့ 5G ဖုန်းသစ် Realme 9i 5G ကို အိန္ဒိယဈေးကွက်ထဲ ဖြန့်ချိလိုက်တာ ဖြစ်ပြီး ဒီဖုန်းဟာ Dimensity 810 Chipset ၊ အကြီးစားဘက်ထရီ နဲ့ ပြောင်လက်တောက်ပတဲ့ ဒီဇိုင်း သုံးလာတာပါ။ Realme 9i 5G ဖုန်းသစ်ဟာ ၆.၆ လက်မ FHD+ LCD Display နဲ့လာပြီး 90Hz Refresh Rate သုံးလာပါတယ်။ Display အပေါ်ဘက် Selfie ကင်မရာနေရာအတွက် Waterdrop Notch ဒီဇိုင်းကို သုံးလာပြီး လေးထောင့်စပ်စပ်ဘောင် နဲ့ လာပါတယ်။
ဖုန်းလုံခြုံရေးအတွက် ဘေးဘောင်ပါဝါခလုတ်ထဲ လက်ဗွေဖတ် Scanner ထည့်သွင်းပေးထားပါတယ်။ Waterdrop notch ထဲမှာ ဆယ်လ်ဖီအတွက် 8MP Sensor တပ်ဆင်ထားပါတယ်။ ကျောဘက်အပေါ်ဘယ်ထောင့်မှာ ကင်မရာသုံးလုံး ပါရှိပြီး ကင်မရာ Sensor တွေအနေနဲ့ f/1.8 အပါချာ နဲ့ 5P Lens ပါ 50MP Main Sensor ၊ 2MP Portrait ကင်မရာ နဲ့ 4cm အတွင်း အနုစိတ် close-up ရိုက်ကူးမှုတွေ လုပ်နိုင်မယ့် 2MP Macro Lens တို့ အသုံးပြုထားပါတယ်။
Realme 9i 5G ဟာ အကြီးစား 5000mAh ဘက်ထရီဆဲလ်နဲ့ လာပြီး USB-C port ကနေတစ်ဆင့် 18W Fast-Charging နှုန်းနဲ့ အားသွင်းနိုင်မှာပါ။ ဖုန်းအောက်ခြေမှာ 3.5mm headphone Jack တစ်ခု ပါရှိလို့ ကြိုးနားကြပ်နဲ့ သီချင်းနားထောင်ချင်သူတွေအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ Realme 9i 5G ဟာ Dual 5G Standby စနစ် အထောက်အပံ့ပေးထားတဲ့ ဖုန်းဖြစ်ပြီး Storage ကိုလည်း 2TB အထိ ထပ်တိုးနိုင်မယ့် microSD Card slot တစ်ခု ပါရှိပါတယ်။
Dimensity 810 chipset နဲ့ လာပြီး 8.1mm အထူ ၊ ၁၈၇ ဂရမ် Weight ပဲ ရှိလို့ 5000mAh ဘက်ထရီသုံး 5G ဖုန်းတွေထဲမှာ အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံး ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။ RAM ပိုင်းမှာ internal RAM ပေါ် လိုက်ပြီး Virtual 3GB အထိ ထပ်တိုးနိုင်မယ်လို့လည်း ဆိုပါတယ်။ ဆော့ဖ်ဝဲလ်စနစ်ကိုတော့ Android 12 ပေါ် အခြေခံထားတဲ့ Realme UI 3.0 နဲ့ ထွက်လာပါတယ်။ Realme 9i 5G ကို Soulful Blue ပြာ ၊ Rocking Black အနက် နဲ့ Metallica Gold ရွှေဆိုပြီး ကာလာ ၃ ရောင်နဲ့ ဝယ်ယူနိုင်ပါတယ်။
Memory ဗားရှင်းအနေနဲ့ 4/64GB ၊ 6/128GB ဆိုပြီး ဗားရှင်းနှစ်မျိုး ထွက်ပါတယ်။ အနိမ့်ဗားရှင်းကို ရူပီး ၁၅၀၀၀ (မြန်မာငွေ ၄ သိန်းကျော်) နဲ့ အမြင့်ဗားရှင်းကို ရူပီး ၁၇၀၀၀ (မြန်မာငွေ ၄ သိန်းခွဲကျော်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။