• ဒေါ်လာ ၁၀၀ အောက် ဖုန်းတွေအတွက် Gaming chipset သစ် မိတ်ဆက်

Redmi နဲ့ Realme ဖုန်းသစ်တွေမှာ သုံးထားပါတယ်
[Zawgyi Version]

ထိုင်ဝမ် semiconductor ကုမ္ပဏီတစ်ခုဖြစ်တဲ့ MediaTek ကတော့ low-end ဂိမ်းဖုန်းတွေ မိတ်ဆက်နိုင်ဖို့ လမ်းစဖွင့်ပေးထားပါတယ်။

MediaTek ဟာ Helio G25 နဲ့ G35 တန်ဖိုးသင့် chipset နှစ်မျိုးကို မိတ်ဆက်သွားတာ ဖြစ်ပါတယ်။ ဒီ chipset သစ်နှစ်မျိုးဟာ တန်ဖိုးနည်း Gaming ဖုန်းတွေမှာ သုံးနိုင်အောင် အထူးထုတ်ထားတာပါ။ MediaTek ကနေ မိတ်ဆက်လိုက်တဲ့ chipset သစ်နှစ်မျိုးစလုံးဟာ 12nm Cortex A53 octa-core processor တွေ ဖြစ်ပြီး GPU ပိုင်းမှာ IMG PowerVR GE8320 ပါရှိပါတယ်။


Photo: GSMArena

clock speed အနေနဲ့ Helio G25 ဟာ 650MHhz နဲ့ Helio G35 ကတော့ 680MHz နဲ့ လာပါတယ်။ CPU speed မှာလည်း Helio G25 ဟာ 2GHz နဲ့ Helio G35 ဟာ 2.3GHz သုံးထားတာ ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းပိုတာရှည်ခံပြီး စွမ်းအင်စီမံမှု ပိုကောင်းစေဖို့ MediaTek HyperEngine ရဲ့ Intelligennt Power Management စနစ်လည်း ထည့်သွင်းထားပါတယ်။

Helio G35 processor ဟာ RAM 6GB 1600MHz LPDDR4x စနစ်နဲ့ storage အတွက် eMMC 5.1 အထိ ပံ့ပိုးထားပါတယ်။ ဒီ chipset ဟာ FHD+ display ဖြစ်တဲ့ 2400 x 1080p resolution လည်း ပံ့ပိုးနိုင်မှာ ဖြစ်ပါတယ်။ Helio G25 ကတော့ HD+ display (1600 x 720p) ရုပ်ထွက်အထိလည်း ထောက်ပံ့ပေးနိုင်မှာပါ။ ကင်မရာအနေနဲ့လည်း Multi-Frame Noise Reduction ၊ EIS ရုပ်ငြိမ်စနစ် ၊ Bokeh effect ပံ့ပိုးမှု စတာတွေလည်း ထည့်ပေးထားပါတယ်။

Photo: Tech Radar


Helio G35 ဟာ 25MP ကင်မရာအထိ ပံ့ပိုးထားပြီး dual camera ဆိုရင် 13MP နှစ်လုံးတွဲကင်မရာ သုံးနိုင်မှာပါ။ Helio G25 ကတော့ 21MP ကင်မရာ (13MP+8MP) dual lens အထိ သုံးနိုင်မှာ ဖြစ်ပါတယ်။ processor နှစ်မျိုးစလုံးဟာ 1080p ဗွီဒီယိုတွေကို 30fps နှုန်းနဲ့ ဖမ်းယူနိုင်မှာပါ။ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ 4G သီးသန့်ပဲ ပံ့ပိုးထားပြီး Bluetooth 5.0 ချိတ်ဆက်မှုလည်း ပါဝင်ပါတယ်။

လာမယ့် ဇူလိုင်လထဲမှာ ဖြန့်ချိသွားမယ့် Realme C11 နဲ့ Xiaomi Redmi 9C တို့ဟာ Helio G35 သုံးထားပြီး Redmi 9A ကတော့ Helio G25 သုံးထားပါတယ်။ ဒီဖုန်းသုံးမျိုးစလုံးဟာ ဒေါ်လာ ၁၀၀ နဲ့အောက်တန် ဖုန်းတွေ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...