ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေ (၄)ဦးကို စစ်ဆေးခဲ့ပြီး နောက်ထပ်စစ်ဆေးဖို့အတွက် သက်သေ (၁၀)ဦးကျန်ရှိပါသေးတယ်

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)နဲ့ တရားစွဲခံထားရတဲ့ တရားဟောဆရာဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ကို ဒုတိယအကြိမ်မြောက် တရားခွင်ကြားနာစစ်ဆေးမှုကို ဒီကနေ့ ဇွန်လ (၁၀)ရက်နေ့က မရမ်းကုန်းမြို့နယ်တရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ ရုံးချိန်ကိုတော့ တစ်နေကုန်ကြာစစ်ဆေးခဲ့ပြီး တရားလိုပြ သက်သေလေးဦးကို စစ်ဆေးခဲ့တာပါ။ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်အရ တရားစွဲထားသလို လူစုလူဝေးနဲ့ ပြုလုပ်ခဲ့တယ်ဆိုတဲ့အချက်ကိုတော့ ဘယ်သူကမှ မျက်မြင်သက်သေမရှိခဲ့ဘူးလို့ သိရပါတယ်။




“ ဒီနေ့ကတော့ လိုပြသက်သေ (၂)၊ ရပ်ကွက်ရာအိမ်မှူး (၂)ဦးနဲ့ အသင်းတော်က တစ်ဦး အားလုံး(၄)ဦးကိုစစ်ဆေးခဲ့တာပါ။ ဒါမယ့် လူစုလူဝေးနဲ့ ဟောပြောပွဲပြုလုပ်ခဲ့တယ်ဆိုတာကတော့ ဘယ်သူမှ မျက်မြင်သက်သေမရှိဘူး”လို့ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ရဲ့ ရှေ့နေ ဦးအောင်ကြည်ဝင်းက ရုံးချိန်းအပြီးမှာ မီဒီယာတွေကိုပြောခဲ့ပါတယ်။

တရားစွဲဆိုထားသလို လူစုလူဝေးနဲ့ ဟောပြောပွဲပြုလုပ်ခဲ့တဲ့ ဆိုတဲ့အချက်က တရားခွင်ရဲ့ ထွက်ဆိုချက်တွေမှာ ကွဲလွဲမှုတွေရှိနေပေမယ်လည်း တရားစွဲထားတဲ့ ပုဒ်မကိုတော့ ပြင်ဆင်ပြောင်းလဲလျှောက်ထားမှာမဟုတ်ဘူးလို့ ရှေ့နေ ဦးအောင်ကြည်ဝင်းကပြောပါတယ်။

တရားဟောဆရာ ဒေးဗစ်လားတို့အမှုရဲ့ နောက်ထပ်ရုံးချိန်းကိုတော့ ဇွန်လ(၁၆)ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး အဲ့ဒီ့ရုံးချိန်းမှာ ဆရာဝန်တွေကို စစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။

ဒီနေ့တရားခွင်မှာတော့ စွပ်စွဲခံရသူဘက်ကနေ အသင်းတော်ဝန်းရဲ့ အဝင်ဝမှာရှိတဲ့ ခြံဝင်းမှာ COVID 19ရောဂါဖြစ်ပွါးနေတာကြောင့် အသင်းတော်ဝန်းအတွင်းမှာကျင်းပမယ့် ဓမ္မတရားဟောအစီအစဉ်ကို ပြောင်းရွေ့လိုက်ကြောင်း ကပ်ထားတဲ့ ဗီနိုင်းကြော်ညာဓာတ်ပုံတွေကို သက်သေအဖြစ်တင်သွင်းခဲ့တယ်လို့လည်းသိရပါတယ်။ ဒီအမှုမှာ တရားလိုပြသက်သေစုစုပေါင်း (၁၄)ဦးတင်ပြထားပြီး ဒီကနေ့မှာတော့ (၄)ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က